Friday, August 30, 2013

I Love you virus သတ်ရန်

ကျွန်တော် ပို့စ် မတင်ဖြစ်တာ (၁)ပတ်လောက်ကြာသွားတယ်..
ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကြောင့်ပါ..
လူတွေဟာ အချစ်နဲ့ပတ်သက်လာပြီဆိုရင်
ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြပါတယ်..
ကျွန်တော်လည်း အဲဒီ အချစ်ကြောင့် ပို့စ် မတင်ဖြစ်သွားတာပါ..
ဒါကြောင့် တိုက်ဆိုင်လို့ အခု
I Love You ဆိုတဲ့ Virus  သတ်နည်းလေးကို တင်ဖြစ်လိုက်တာပါ..
ကွန်ပျူတာထဲမှာရှိတဲ့ အဲဒီ ဗိုင်းရပ်စ် ကိုတော့ သတ်လို့ရတဲ့ ဆော့ဖ်ဝ်လ် ရှိပါတယ်.
ကျွန်တော်တို့ ရင်ထဲမှာရှိတဲ့ အချစ်ဆိုတဲ့ ဗိုင်းရပ်စ် ကိုတော့ ဘာနဲ့များ သတ်လို့ရနိုင်မလဲ..
ကဲ... I Love you ဆိုတဲ့ ဗိုင်းရပ်စ်ကို သတ်ဖို့ အတွက် အောက်မှာ ဒေါင်းယူလိုက်ပါနော်..

 

Saturday, August 24, 2013

ကိုယ့် WiFi ကို ဘယ်သူခိုးသုံးနေလဲ



လမ်းဘေးက လူကြီးဗျာ ၀ိုင်ဖိုင်ဟက်နည်းပဲ တင်ပေးတယ် ကာကွယ်နည်း တင်မပေးဘူး ပြောခံရမှာစိုးလို့
တင်ပေးလိုက်ပါတယ်


ဒါလေးတော့ လိုရမယ်ရပေါ့ဗျာ ဘယ်သူမှတော့ မသုံးလောက်ပါဘူး။ ဒါပေမယ့် အထူးအဆန်းဆို လူတိုင်း
ကလိချင်ကြတာ ဓမ္မတာဘဲလေ။ ဟုတ်တာမဟုတ်တာ အပထား စမ်းသုံးလိုရင်တော့ အောက်မှာဒေါင်းသွား
ကောင်းရင်းထား မကောင်းရင်သွားပေါ့။ ဟုတ်ဘူးလား ဆော့ဝဲတာမရေးတတ်တယ် လူကအကောင်းတော့
ကြိုက်သား။ ဟား ဟား ဟုတ်တယ်နော် ဒို့ကတော့ ဒီလိုဘဲ။ ကဲပြောနေတာကြာတယ် မရှိသေးရင် စမ်းသုံး
နိုင်အောင် ယူသွားကြပေတော့ဗျာ။
 

       Download This>>>    WhosOnmyWiFi v2.1.2

မိုးကောင်းကင် ဘလော့မှ ကူးယူဖော်ပြပါသည်

 

Wednesday, August 21, 2013

Folder Options (ပျောက်ဆုံးခြင်း)


ကျနော့်ကွန်ပြူတာမှာ Folder Options ပျောက်သွားလို့ ခဏလောက်တော့ ခေါင်းစားသွားရပါတယ်။ စဉ်းစားခန်းဖွင့်လိုက်သေးတယ်။ ဘယ်နဲ့ပျောက်သွားရတာပါလိမ့်။ Folder Option ဆိုတာကို မိမိရဲ့ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် အများကိုမမြင်မတွေ့စေချင်တဲ့ file (or) folder များကို မြင်ကွင်းမှ ဖျောက်ထားခြင်း၊ မြင်ကွင်းပေါ်သို့ ပြန်ရောက်အောင် ပြန်ခေါ် ခြင်းတို့မှာ များသောအားဖြင့် အသုံးပြုတတ်ကြပါတယ်။

USB Stick ပြုပြင်ခြင်းနှင့် ဖြစ်တတ်သော ပြဿနာများ

 


USB Drive ၏ လျှို့ ဝှက်ချက် တစ်ချို့ 
(၁) USB Drive ကို Custom Icon အနေဖြင့် ပေးနိုင်သည်။

USB Drive ကို Custom Icon အနေဖြင့် သုံးစွဲသောအခါ တစ်ခုချင်းသုံးစွဲတဲ့ အခါမျိုးတွေမှာ ၎င်း Function သည် သိသာထင်ရှားမှု မရှိသော်လည်း USB Hub ကနေတစ်ဆင့် Drive များကို အများအပြား သုံးစွဲသောအခါတွင် ကိုယ်ထည့်ထားသော အချက်အလက်များကို icon ဖြင့် သီးသန့်ခွဲခြားနိုင်စွမ်းရှိသည်။

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ

 

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်ပြသနာတစ်ခုက memory ပါသူ့  ပြဿနာကလည်း Blue death screen တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

Tuesday, August 20, 2013

PC မှာ USB Stick မပေါ်တဲ့ ပြဿနာ

ဒီနေ့တော့ ဘလော့လာ သူငယ်ချင်းများအတွက်
USB memory stick တွေ ကွန်ပျူတာမှာ ထိုးတဲ့အခါ
detect မမိဘဲ Tast-Bar မှာ "USB Drive Not Recognized" လို့
error message ပေါ်လာတာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ
ရေးပေးသွားပါ့မယ်....
  အောက်ကလမ်းကြောင်းလေးအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ...
  ၁။ကွန်ပျူတာကို ပိတ်ပြီး power supply ကြိုးကိုဖြုတ်လိုက်ပါ၊
(မားသားဘုတ် မှာ power ဝင်မနေအောင် AC မီးပလပ်ကို ဖြုတ်လိုက်ပြီး
တစ်မိနစ်လောက်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပေးပါ)
-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပြီး 
system မှာ (printer, network service...)
တွေ ပြီးဆုံးအောင်အထိ တပ်ဆင်ပြီးမှ memory stick ကိုစက်မှာပြန်ထိုးပါ။
  ၂။ နောက်ထပ် တစ်နည်းကတော့
-Run Box မှာ devmgmt.msc ကိုရိုက်ထဲ့လိုက်ပါ၊
-Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ၊
 (stick ကို စက်မှာတပ်ဆင်ပြီးသား ဖြစ်ရပါမယ်)
-Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။
    ဒီအခါမှာ  ကွန်ပျူတာက USB stick ကို မြင်နိုင်ပါပြီ။


Software Crazy မှ ကူးယူတင်ပြသည်။

Windows 7 Audio ပြဿနာ ဖြေရှင်းနည်း



ဒီနည်းလမ်းလေးကတော့ windows 7 ရဲ့ အသံပြဿနာ အဖြေရှာနည်းတွေထဲက တစ်နည်းဘဲဖြစ်ပါတယ်။
 
မေး။  ။Sai Lay: အကို ကျွန်တော် window audio မှာလုပ်ကြည့်လဲမရဘူး Realtek audio မှာinstall လုပ်လဲမရဘူး window ပြန်တင်ဖို့လို့မလား နားမလည်လို့ပါ ပြောပြပေးပါအုံးနော် အကိုမအားလို့လား နေ့တိုင်းအကိုဘာ ပြန်ပြောမလဲဘဲစောင့်တယ်။

ဖြေ။ ။ညီလေးရေ အကိုလဲမအားသေးတာနဲ့ အခုမှပြန်ဖြေပေးနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်. နည်းလမ်းတွေထဲကမှ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးနည်းလမ်းလေးဖြစ်လို့  စမ်းသပ်ကြည့်လိုက်ပါ.....

Service သမားတို့လက်စွဲ Hiren’s BootCD 15.2

 
Hiren’s BootCD ကို Computer Service သမားတွေ အမြဲတမ်းစွဲကိုင်လေ့ရှိပါတယ်.. Harddisk မရှိရင်တောင်မှ ကျန်တာတွေကောင်းနေရင် Windows တက်ပြီး Data တွေကို Backup လုပ်ပေးနိုင်ပါတယ်.. Windows တက်ဖို့အတွက် အရေးတစ်ကြီးလိုအပ်တဲ့ဖိုင်တွေကိုလည်း ဒီကောင်နဲ့ ပြန်လည် ထည့်ပေးနိုင်ပါတယ်.. Administrator က ပိတ်ထားတဲ့ Password ကို ကျော်ပြီး သူ့ကွန်ပျူတာထဲက အချက်အလက်တွေကို ယူသွားလို့လည်းရပါတယ်..  Linux အနေနဲ့လည်းသုံးစွဲနိုင်ပါတယ်..

Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်း(Autorun.inf တို့  Recycled.exe တို့ )

Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါ ။ Memory Stick ထိုးလိုက်ရင် Autorun.inf တို့  Recycled.exe တို့ 
Rundll32.exe တို့ ပေါ့ ။ ဒီ Virus တွေကို USB Disk Security တွေမှာလာပြတယ် ။ အဲဒီထက်ကိုအရမ်းကောင်းပါတယ်ဆိုတဲ့ Kasper ကတောင်မဖျတ်နိုင်ဘူး ။ USB Disk Security မှာ Delete လုပ်လဲ တချိုဟာတွေဆို Delete လုပ်လို့ ကိုမရဘူး ။ ဒီတော့ဘာ software မှာသုံးဖို့မလိုပဲ ကျွန်တော်ပြောတဲ့နည်းလေးတိုင်းစမ်းကြည်လိုက် ။ အားလုံးကိစ္စချောပြီး ရှိသမျှ Virus တွေအကုန်သေစေရမယ် ။ ( ဟဲ ဟဲ Virus ဆိုတဲ့အကောင်းသာစကားပြောတက်ရင် ကျွန်တော် ကိုထဆဲမယ်ထင်တယ် )
လုပ်ပုံလုပ်နည်းလေးရှင်းပြမယ် လိုက်လုပ်ကြည်ပါ ။

Memory Card မျိုးစုံကို Recovery လုပ်မယ်


Memory Cards မျိုးစုံထဲက အရေးကြီးတဲ့ ဖိုင်လ်တွေ မှားဖျက်မိလို့ပဲဖြစ်ဖြစ် ပျောက်သွားလိုပဲဖြစ်ဖြစ်  အလွယ်တကူ Recover လုပ်ယူနိုင်တဲ့ Software လေးပါ...Memory Card တွေနဲ့ မကင်းနိုင်တာမို့ ဆောင်ထားသင့်ပါတယ်...။

ကွန်ပျူတာမှာ PDF ဖိုင်တွေကို စာအုပ်ဖတ်သလို စာရွက်လှန်ဖတ်မယ်

 

PDF ဖိုင်တွေ ဖတ်တဲ့အခါ အပြင်က စာအုပ်လေးကို
တစ်ရွက်ချင်းလှန်ဖတ်နေရသလို မျိုးလေး ဖတ်နိုင်မယ့်
ဆော့ဝဲလေးတစ်မျိုးပါ Megazine ပုံစံ catalogs ပုံစံတွေနဲ့
ဖတ်နိုင်ပြီး အွန်လိုင်းပေါ်က မိတ်ဆွေတို့ကို Exe, Zip, Html ဖိုင်တွေအဖြစ် Convert လုပ်ပြီး 
share လုပ်နိုင်ပါသေးတယ်

ဖိုင်ဆိုဒ်ကတော့ 50 MB ကျော်ပါတယ် 



Credit From http://www.aungkyaw.net 

ဆော့ဝဲမပါဘဲ Folder ကို လော့ချမယ်


1. Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။
2. အဲဒီ Folder ထဲမှာ TXT ဖိုင်လေးပြုလုပ်ပြီး ကုဒ်လေးတွေထည့်လိုက်ပါ။(အောက်မှာပေးထားပါတယ်)

Monday, August 12, 2013

အိပ်ထောင်ထဲ OS ကိုဘယ်လို ဆောင်သွားမလဲ ?


Window 7 ကို USB က တစ်ဆင့် boot တက်အောင်လုပ်နည်း
ခုလောက်ဆိုရင် window 7 ကို အတော်လေး ကျွမ်းကျင်သူတွေ ရှိလာပေမယ့် USB Drive ထဲ ထည့်သုံးလို့ရတယ်ဆိုတာ သိသူတော့ နည်းပါလိမ့်မယ်။ အရေးပေါ် လိုအပ်ချိန်တွေမှာ အလွယ်တကူ သုံး နိုင်ဖို့ USB ထဲ ထည့်ဆောင်သွားရတာ အဆင်ပြေလိမ့်မယ် ထင်တယ်။ Optical Drive မပါတဲ့ netbook လိုမျိုးမှာ USB ထိုးထည့်ပြီး window 7 ကို သုံးနိုင်မယ့် အခွင့်အရေးလို့ ဆိုချင်ပါတယ်။ Install လုပ်ရ တာလည်းမြန်၊ လုပ်ရချိန်လည်း သက်သာတဲ့နည်းပါ။
တစ်ခုတော့ ရှိတယ်။ ဒီနည်းဟာ Window Vista နဲ့ Window 7 မှာပဲရမယ်။ အခြား OS တွေမှာ မရနိုင်ပါဘူး။ လုပ်နည်း အဆင့်ဆင့်ပြောရအောင်။

Tuesday, August 6, 2013

GSM/ WCDMA များ Message ပို့ အင်တာနက်လျှောက်နည်း



ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။