Friday, December 20, 2013

BOOTMGR is missing ဖြေရှင်းနည်း



သင့် Windows ကိုစဖွင့်လိုက်တဲ့အခါ BOOTMGR is missing Press Ctrl+Alt+Del to restart ဆိုတဲ့ error message ကိုတွေ့လိုက်ရပြီဆိုရင်တော့ သင့် Windows ရဲ့ boot sector ပျောက်ဆုံး (ပျက်စီး) သွားပြီပေါ့။ ဘာလို့ boot sector ပျက်စီးရသလဲဆိုရင် user ရဲ့မဆင်မခြင် အသုံးပြုမှုကြောင့်ပါ။ Windows ကို စနစ်တစ်ကျ Shutdown မလုပ်ဘဲနဲ့ Power Button ကိုတန်းနှိပ်ပြီးပိတ်လိုက်တာမျိုး၊ Program တွေ run နေရင်းနဲ့ စက်ကို restart / shutdown ချလိုက်တာမျိုး တွေကြောင့်ပါ။ တစ်ခါတစ်လေတော့ မသိသာပေမယ့် ကြာလာတာနဲ့အမျှ သင့်စက်ကို ထိခိုက်စေပါတယ်။ နောက်ပြီး Virus တွေရဲ့ တိုက်ခိုက်မှုကြောင့်လည်း boot sector တွေ ပျောက်ဆုံး (ပျက်စီး) နိုင်ပါတယ်။  ဒီပြဿနာကို ဖြေရှင်းဖို့ 
(၁) Startup Repair
(၂) Command Prompt
ဆိုတဲ့နည်းလမ်း (၂) ခုပြောပြပါ့မယ်။ အဆင်ပြေရာကို သုံးကြပေါ့။

NTLDR is Missing ဖြေရှင်းနည်း


NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပါတယ်။ ၎င်းသည် Hard Disk ၏ Sector တွင် ရှိသော Program တစ်ပုဒ်ပင်ဖြစ်ပါတယ်။ ယင်းသည် Windows NT ကို တက်အောင်ကူညီပေးခြင်းနဲ့ Windows NT Startup Menu ကို ပြပေးနိုင်အောင် ပြုလုပ်ပေးသည်။ ထို့ကြောင့် NTLDR ဆိုသော Program file လေးဟာ အကြောင်းအမျိုးမျိုးကြောင့် Hard disk ရဲ့ Boot Sector ကနေ ပျက်ဆီးပျောက်ဆုံးခဲ့ရင် သင့်ကွန်ပျူတာဟာ Windows မတက်နိုင်တော့ခြင်းဖြစ်ပါတယ်။ Windows XP သည်လည်း Windows NT ပေါ်တွင် အခြေခံပြီး တည်ဆောက်ထားတာကြောင့် NTLDR ကို အသုံးပြုထားပြီး NTLDR ပျောက်သွားပါက Windows XP သည်လည်း တက်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် မိမိကွန်ပျူတာတွင် NTLDR မရှိတော့ပါက Boot လုပ်တဲ့အချိန်မှာ-
NTLDR is missing
Press any key to Restart
ဟူသော စာတန်းကိုသာမြင်တွေ့ရပြီး Windows တက်မလာတော့ပါ။ ယင်းအခြေအနေ ဖြစ်ပေါ်ရခြင်းမှာ-

Friday, December 6, 2013

Windows 8 မှာ Net Framework 3.5 ကို Install ထည့်နည်း

Online-Offline ၂-နည်းဖြင့်  ထည့်ပြပါမယ်


ဒီလုပ်နည်းပိုစ့်ကို အရင်တုန်ုးကတည်းက တင်ပေးချင်ပေမယ့် Windows 8 ဘက် မလှည့်ဖြစ်ခဲ့..။ ပြီးခဲ့တဲ့ ရက်က ပိုစ့်တင်ပေးခဲ့တဲ့ DVD 5-disc နဲ့ Windows Image Backup ဖိုင် Restore ထည့်နည်း ပိုစ့်အတွက် ပုံတွေယူတော့မှ.. နောက်မှ တင်ထားတဲ့ Windows 8 က Boot နေရာမှာ ပျောက်သွားပြီး.. မပေါ်တော့မှပဲ ကျနော့်စက်မှာ Windows 8 ပြန်တင်ရင်းနဲ့ ဒီ Net Framework 3.5 ကို Offline/Online နှစ်နည်းစလုံးနဲ့ Install ထည့်တတ်အောင် ပိုစ့်တင်ပေးဖို့ စိတ်ကူး ပြန်ပေါ်ပါတော့တယ်..။ ဒါကြောင့် Windows 8 သုံးသူများအတွက် အင်တာနက် မရရှိတဲ့ နေရာမှာပါ Net Framework 3.5 ကို Offline အနေနဲ့ Install ထည့်သုံးလို့ရအောင် ဒီနေ့ ဒီပိုစ့်ကို တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်သားတွေထဲမှာ Windows 8 အသုံးပြုသူ နည်းသေးသည် ထင်ပါသည်..။ ဒီနေ့အထိ ဒီ Net Framework 3.5 ကို Offline Install ထည့်နည်းပိုစ့် တင်ပေးဖို့ တောင်းတဲ့လူ မရှိသေးပါ..။ နောက်ပိုင်းမှာတော့ ဒီလုပ်နည်းက

Wednesday, December 4, 2013

Mail Server အကြောင်း

အဓိကတော့ Exchange Mail Server အကြောင်း ရေးချင်တာပါ။ မြန်မာ Forum တွေထဲမှာလည်း Exchange Mail Server အကြောင်း Forum ရေးထားတာ သိပ်မတွေ့မိသေးပါဘူး။မြန်မာလို စာအုပ်တွေလည်း မရှိပါဘူး။ ဒါကြောင့် Network ကို လေ့လာသူတွေ အထောက်အကူ ရလိုရများ ရေးလိုက်ပါတယ်။ ကျွန်တော်လည်း Networking ဘက် စလိုက်တုန်းက Exchange Server အကြောင်းကို  စပ်ကြား စပ်ကြား ကြားမိပါတယ်။ အဲ့တုန်းကတော့ Exchange Server ဆိုတာ Phone ရုံးမှာသုံးတဲ့ Server ကြီးများလားလို့။ Exchange Server လို့ပြောတာနဲ့ ဖုန်းရုံးဘဲ ပြေးပြေးမြင်မိပါတယ်။ နောက်မှ Exchange Server ဆိုတာ Mail Server ကြီးပါလား လို့သိခဲ့တာပါ။ Network field မှာကတော့ Sharing ပြီးရင် Email ကတော့ တော်တော်လုပ်ရတယ်ဗျ။ Mail Rule ချပေးတာတို့၊ Email Backup၊ Restore လုပ်ရတာတို့၊ Email Setup လုပ်ပေးရတာတို့ပေါ့။ အဓိကတော့ Mail Server ထိုင်ပေးရတာပါ။ Mail server ထိုင်ပြီးမှသာ user တွေ တစ်ယောက်နဲ့ တစ်ယောက် ရုံးအတွင်းမှာ Email ပို့နိုင်ကြမှာလေ။ internet မတပ်ထားလည်း ရုံးအတွင်းမှာ user တွေအချင်းချင်း email ပို့နိုင်ကြမှာပါ။ Internet တပ်ထားပြီး External mail account ရှိရင် (ဒါမှမဟုတ်) Public IP ရှိပြီး domain name ၀ယ်ထားရင် လည်း user တွေ လက်ရှိရုံးအတွင်းမှာသုံးနေတဲ့ email account ကို ဘဲသုံးပြီး internet ထဲသို့ email ပို့နိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာက user တစ်ယောက်ရဲ့ email client (microsoft outlook ဖြစ်ဖြစ်၊ outlookexpress ဖြစ်ဖြစ်) မှာ  email account တစ်ခုဘဲ  ရှိနေမှာဖြစ်ပါတယ်။Local မှာ email ပို့ဖို့အတွက် email account တစ်ခု၊ အပြင်ကို email ပို့ဖို့အတွက် email account တစ်ခုဆိုပြီး ရှိနေမှာ မဟုတ်ပါဘူး။ ရုံးထဲမှာဘဲ ပို့ပို့ အပြင်ကိုဘဲပို့ပို့ email account တစ်ခုဘဲ သုံးပြီး ပို့ရုံပါဘဲ။

Console Windows Host Stop Working ဖြေရှင်းနည်း


To Run the SFC /SCANNOW Command in Windows 7
1. Open an elevated command prompt.

2. To Scan and Repair System Files
NOTE: Scans the integrity of all protected system files and repairs the system files if needed.
A) In the elevated command prompt, type sfc /scannow and press Enter. (see screenshot below)
NOTE: This may take some time to finish.