Tuesday, May 3, 2016

Numberal System



ကျွန်တော်တို့ Networking ကို လေ့လာမယ်ဆိုရင် မသိမဖြစ် သိရမယ့်အကြောင်းအရာတစ်ခုကတော့ Numberal System ပဲဖြစ်ပါတယ်..
Networking မှာ ဘယ်လို Numberal System တွေသုံးသလဲဆိုတော့
1. Binary
2. Octal
3. Decimal
4. Hexa Decimal
တို့ပဲ ဖြစ်ပါတယ်..
1. Binary ဆိုရင် Base 2 ဖြစ်ပြီး ( 0,1 ) ဖြစ်ပါတယ်.
2. Octal ဆိုရင် Base 8 ဖြစ်ပြီး ( 0,1,2,3,4,5,6,7 ) ဖြစ်ပါတယ်.
3. Decimal ဆိုရင် Base 10 ဖြစ်ပြီး ( 0,1,2,3,4,5,6,7,8,9 ) ဖြစ်ပါတယ်.
4. Hexa Decimal ဆိုရင် Base 16 ဖြစ်ပြီး ( 0,1,2,3,4,5,6,7,8,9,A,B,C,D,E,F ) ဖြစ်ပါတယ်..


Numberal System တွေကို ပြောပြီးတဲ့နောက် အခု ပြောပြမှာကတော့
အဲဒီ Numberal System တွေကို ပေါင်းခြင်းပဲ ဖြစ်ပါတယ်..
နံပါတ် (၁) အလွယ်ဆုံး နေ့စဉ် ကျွန်တော်တို့ သုံးနေတဲ့ Decimal Number တွေကို အရင်ပေါင်းပြပါမယ်.. အဲဒီ ပေါင်းနည်းနဲ့ပဲ ကျန်တဲ့ Octal, Binary, Hexa ..တွေကိုပေါင်းရမှာပါ..
ကဲ စရအောင်..
Decimal မှာ ( 9+5 = 14 )
ဘယ်လိုရသလဲဆိုရင် ၉ နဲ့ ၅ ပေါင်းရင် ၁၄ ၊ အဲဒီ ၁၄ ကို Base 10 ဖြစ်တဲ့အတွက် ၁၀ နဲ့ နှုတ် ၄ ရ၊ ၁ တင်၊ အဲဒီ ၁ ကပေါင်းစရာမရှိတဲ့အတွက် ၁၄ ။ ဘယ်လိုကြီးလဲဆိုပြီးတော့ နည်းနည်းတော့ ကြောင်သွားလိမ့်မယ်ထင်တယ်..အိုကေ တစ်ခြားနည်းတွေကို ဆက်လေ့လာရအောင်..
Binary မှာ ( 0 + 1= 1 ) ( 1+1 = 10 )
၁ နဲ့ ၁ ပေါင်းရင် ၂ ၊ ဒါပေမယ့် သူ့မှာ ၂ ဆိုတာ မရှိဘူး ၁ နဲ့ ၀ ပဲရှိတယ်.အဲဒါကြောင့် ၂ ကို Base 2 ဖြစ်တဲ့အတွက် ၂ နဲ့ နှုတ် ၊ ၀ ရတယ်. ၁ တင်၊ ၁ က ပေါင်းစရာမရှိတော့ ၁၀ ၊ တစ်ဆယ် မဟုတ်ဘူးနော်.. တစ်သုည..။
Octal မှာ ( 6+3 = 11 )
၆ နဲ့ ၃ ပေါင်းရင် ၉ ၊ Base 8 ဆိုတော့ ၈ နဲ့ နှုတ်၊ ၁ ကျန်၊ ၁ တင်တော့ ၁၁ ( OneOne )
ံHexa Decimal မှာ ( 5+5 = A ) ( 9+9 = 12 )
၉ နဲ့ ၉ ပေါင်း ၁၈၊ Base 16 ဆိုတော့ ၁၆ နဲ့ နှုတ်၊ ၂ ကျန်၊ ၁ တင်တော့ ၁၂ ( OneTwo )
အားလုံးပဲ နားလည်လိမ့်မယ်လို့ ထင်ပါတယ်..

ကြိုးစားလျှက် ....

No comments:

Post a Comment