Thursday, May 23, 2013

Memory Stick မှာတွေ့ရတတ်သော Virus များ ရှင်းနည်း


ကျွန်တော် ဒီတစ်ခါ…Memory Stick တွေမှာ ကြုံတတ်တဲ့ပြသာနာလေးတွေဖြေရှင်းတဲ့နည်းလေးပြောပြမှာပါ…သိပြိးသားဆိုလဲ သည်းခံပြီးဆက်ဖတ်ပေတော့..ဟီးး :D သူငယ်ချင်းတို့ ကြုံဖူးကြမှာပါ…Memory Stick ထိုးလိုက်တာနဲ့ …Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ ..ဘာတို့ ညာတို့ ပေါ့…အဲဒီ virus တွေကို USB Disk Security မှာလာပြတယ်လေ
…အဲဒါတွေကို အရမ်းရမ်းကောင်းပါတယ်ဆိုတဲ့..Kasper ကတောင် မဖျက်နိုင်ဘူး… USB Disk Security မှာ Delete လုပ်လဲ တစ်ချို့  ဟာတွေကို delete လုပ်လို့ မရပါဘူး……အဲဒီတော့ ဘာ software မှ သုံးစရာမလိုတဲ့ ကျွန်တော်ပေးတဲ့ နည်းလေး သုံးကြည့်လိုက်..ရှိသမျှ virus တွေ အကုန်သေသွားစေရမယ်..(ဟဲဟဲ..ငါကွ…Kasper လောက်တော့သနားတယ်….ဟီးးး :D).. ကျွန်တော့်ရဲ့  virus ရှင်းတဲ့နည်းက တစ်ခြားထွေထွေထူးထူး ဘာမှ မဟုတ်ပါဘူး…. Bat file နဲ့  command တွေရေးပြီးရှင်းတဲ့နည်းလေးပါ…..ပထမဦး ဆုံး Notepad တစ်ခုကိုဖွင့်ပါ…ပြီးရင် အောက်မှာ ကျွန်တော်ရေးထားတဲ့ command တွေကို copy ကူးထည့်လိုက်ပါ… @echo del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del: H:Autorun.inf del: E:Recycled.exe del: F:Recycled.exe del: G:Recycled.exe del: H:Recycled.exe del: E:RUNDLL32.exe del: F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exe @echo ပြီးရင်တော့.. နာမည်တစ်ခုခု.bat (eg. Kill.bat) ဆိုပြီး ကိုယ့်ရဲ့ Memory Stick ထဲမှာ Save လိုက်ပါ…အဲဒီ Kill.bat ဆိုတဲ့ file လေးကိုတော့ မဖျက်ပစ်လိုက်နဲ့နော်…Stick ထိုးတိုင်း အဲဒီ file လေးကို double click လုပ်ပြီး run လိုက်ပေါ့…ဒါဆိုရင် ကိုယ့်ရဲ့ Memory Stick ထဲက virus တွေအကုန်ရှင်းသွားလိမ့်မယ်……

No comments:

Post a Comment