Monday, October 28, 2013

G talk အတု


မြန်မာတိုင်းလိုလို ဂျီတော့ကို သုံးကြတယ်။ နိုင်ငံတွင်းမှာ နေတဲ့ လူအများစုဟာ ကိုယ်ပိုင် ကွန်ပြူတာထက် အင်တာနက်ဆိုင်မှာ သွားသုံးကြတာများပါတယ်။ ဘယ်လောက် ခံရပြီးပြီလဲတော့ ကျနော်လည်း မသိဘူး။ ဂျီတော့ အကောင့် ရှိသူတိုင်း ဖတ်ကြည့်စေချင်တယ်ဗျာ။ ဘယ်သူ့ကိုမှတော့ သွားမလုပ်ကြပါနဲ့လို့ ပြောချင်တယ်ဗျာ။ သူများကို လုပ်ဖို့ထက် ကိုယ်တိုင် မခံရစေဖို့ ရည်ရွယ်ချက်နဲ့ ကျနော် ရေးလိုက်တာဗျ။ အခုလို ရေးလိုက်မှ သူများကို သွားများ လုပ်နေရင်တော့ မကောင်းဘူးပေါ့ဗျာ။ ဒေါင်းလုပ်..ဆွဲပြီး စမ်းသာ ကြည့်လိုက်ဗျာ.. မယုံရင် ကိုယ့်အကောင့်ကို စမ်းကြည့်ပေါ့။ ဖြစ်ပုံက ဒီလိုဗျ။..

ဒီဖိုင်လေးကို ဒေါင်းပြီးရင် Extract လုပ်လိုက်ရင်.. Gtalk Application နှင့် Gtalkacc လို့ ရေးထားတဲ့ Notepad file လေးတစ်ခုပါတယ်။ အဲဒီ Notepad လေးကို လောလောဆယ် ဖွင့်ကြည့်ရင် ခင်ဗျား ဘာမှ မတွေ့နိုင်ဘူး။

အဲ..ဒါပေမဲ့.. ပါလာတဲ့ Gtalk application လေးကို ဖွင့်ပြီး ခင်ဗျား အကောင့်ကို Sign in လုပ်ကြည့်လိုက်။
User Name and Passwords not match ဆိုပြီး ပေါ်လာလိမ့်မယ်ဗျ။ အဲဒီအဆင့်ပြီးရင်တော့ အစောက Notepad လေးကို ပြန်ဖွင့်လိုက်ရင် ခင်ဗျား ရေးထားတဲ့ အကောင့်နဲ့ ပတ်စဝပ်ကို အော်တို မှတ်ထားတာကို တွေ့ရလိမ့်မယ်။


တစ်ခုရှိတာက အင်တာနက်ဆိုင်တွေမှာ ထည့်ထားရင်တော့ သူတို့က အဲဒီ နှုတ်ပက်ကလေးကို တခြားနေရာမှာ သိမ်းထားလိမ့်မယ်။ ဂျီတော့ အိုင်ကွန်ကလည်း ပုံမှန်နဲ့စာလျှင် နည်းနည်းတော့ ကွဲနေတာကို သေသေချာချာကြည့်ရင် သိနိုင်ပါတယ်။ အကယ်၍ အဲဒီလိုမျိုး ကြုံခဲ့ပြီးဆိုရင်တော့.. ဘာမှန်းလည်း မသိဘူးကွာ။ ကော်မကောင်းတာလား..ငါ့ပတ်စဝပ်ကို သူများ ချိန်းသွားတာလားတွေ တွေးမနေတော့နဲ့။ အထက်ကလို လုပ်ထားတာလို့ မှတ်လိုက်ပေတော့ဆရာ။ အဲဒါဆိုရင် နောက်တစ်နေရာရာမှာ ခင်ဗျား အကောင့်ကို ဖွင့်ပြီး ပတ်စဝပ်ကို ပြောင်းလိုက်တာက အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်လို့ သတိပေးပါရစေ။ ကျနော် စမ်းထားတဲ့ ပုံကလေးတွေကို တင်ထားတာနော်။
စမ်းကြည့်ဖို့အတွက် ဒီနေရာမှာ ဒေါင်းလုပ် လုပ်ယူဗျာ။
အကောင့်ကို မသမာသောနည်းဖြင့် ခိုးယူခံရခြင်းမှ ရှောင်ရှား နိုင်ကြပါစေ။
ကိုကမ္ဘာကျော် ဘလော့ဂ် မှ ပြန်လည် ဝေမျှပါတယ် ။

Credit From http://chitsayarlaypar.blogspot.com 

No comments:

Post a Comment