Monday, October 28, 2013

Router ကနေ web site ပိတ်နည်း

Wireless Router ထဲကနေ မိမိတို့ ရုံးမှာ မကြည့်စေချင်တဲ့ website တွေကို အလွယ်တစ်ကူ ပိတ်တဲ့ နည်းပါ။
ဒီနည်းက တော်တော်များများလည်းသိ့ကြမှာပါ။ မြန်မာမိသားစု မှာ အစ်ကိုတစ်ယောက် တင်ပေးထားတာလည်းတွေ့ဖူးပါတယ်။ ဒါပေမဲ့ မသိ့သေးတဲ့သူတွေအတွက် ကျွန်တော် အခု့  Cisco Linksys E3000 အမျိုးအစားနဲ့လုပ်ပြပါမယ်။ တစ်ခြား D Link wirelessrouter တွေမှာလဲ တော်တော်များများရပါတယ်။ တစ်ခြားတော့မစမ်းဖူးဘူးဗျ ။ 
ကိုယ့်ရဲ့ network ထဲမှာ မကြည့်စေချင်တဲ့ website တွေကို ဘန်းတဲ့ နည်းကတော့
အများကြီးရှိပါတယ။ software တွေလည်း အများကြီးရှိပါတယ်။ (eg: Internet Lock , Child Control)
နောက်တစ်ခု Proxy Server တွေထိုင်ပြီးတော့လဲ ဘန်းလို့ ရပါတယ်။ (eg: ISA, Squit, Ipcop) အများကြီးပါဗျာ.......

နောက် Port တွေ လိုက်ပိတ်ထားမယ် ။ ဘာညာပေါ့ ။ အသေးစိတ်ကိုတော့ နောက်မှပေါ့ဗျာ ..
အခုလောလောဆယ် Cisco Linksys E3000 ကို စပြီး configure လုပ်ပြပါမယ်။
Step (1) ပထမဆုံးကတော့ Browser ကနေ Router ရဲ့ ip ကိုရိုက်ပြီး Router ထဲကိုဝင်ရပါမယ်။ အဲဒီမှာ
သတိပြုစရာတစ်ခုက Browser မှာ no proxy ဖြစ်နေရပါမယ်။ Authentication Required ဆိုတဲ့ box
ကျလာရင် user name နဲ့ password ရိုက်ပြီး router ထဲကို ၀င်လိုက်ပါ။
 
Setp (2) Router ထဲ ရောက်သွားပြီဆိုရင် Access Restrictions ထဲကို ၀င်လိုက်ပါ။
 
Step (3) Access Restrictions အောက်ကို ရောက်ပြီဆိုရင် Enter Policy Name ကို နှစ်သက်ရာ
နာမည်တစ်ခုပေးပါ။ နောက် Status ကို Enable ပြောင်းပေးပါ။ အဲဒါပြီးရင်တော့ အောက်က Edit List ထဲကို
Click နှိပ်ပြီး ၀င်လိုက်ပါ။
Step (4) Edit List ထဲရောက်သွားပြီဆိုရင်တော့ အောက်ပါ ပုံအတိုင်း မြင်ရပါလိမ့်မယ်။
 
Setp (5) အပေါ်က ပုံမှာ မြင်ရတဲ့ အတိုင်းပါပဲ။ ကိုယ့်ရဲ့ Client တွေကို နည်းလမ်း (၃) မျိုးနဲ့ ဘန်း လို့ ရပါတယ်။
Client စက်တွေရဲ့ MAC Address နဲ့ ဘန်းလို့ ရမယ်။ အဲဒီနည်းကတော့ PC (10) လုံးကိုပဲ သတ်မှတ်လို့
ရပါတယ်။ နောက်တစ်ခု Client စက်တွေရဲ့ IP Address နဲ့ သတ်မှတ်လို့ရပါတယ်။ ဒီ IP Address ရှိတဲ့
Computer တွေက ဒီ website တွေကို ကြည့်ခွင့်မရှိဘူးပေါ့။ ဒါပေမဲ့ အဲဒီနည်းကလဲ ကွန်ပျူတာ (6) လုံးထိပဲ
သတ်မှတ်လို့ရပါတယ်။ နောက်ဆုံး တစ်ခုကတော့ IP Address Range နဲ့သတ်မှတ်တဲ့နည်းပါ။ ဒီနည်းကတော့
အဆင်အပြေဆုံးပါပဲ။ IP Address Range ပေါင်း Group (4) ခုထိ သတ်မှတ်လို့ရပါတယ်။ ဥပမာ - IP
192.168.1.50 ကနေ 192.168.1.100 ထိရှိတဲ့ client တွေက www.facebook.com ကိုသုံးလို့မရဘူး။ နောက်
ကျန်တဲ့ Range တစ်ခုက www.tramyanmar.co.cc ကိုဖွင့်ကြည့်လို့မရဘူး။ အဲလိုမျိုး သတ်မှတ်လို့ရပါတယ်။
Step (6) ဒီ IP Address Range နဲ့ သတ်မှတ်တဲ့ နည်းကို အသုံးပြုချင်တယ်ဆိုရင်တော့ IP Address Range
နေရာမှာ မိမိ Router မှာ ပေးထားတဲ့ IP Address Range ကို ထည့်ပေးလိုက်ပါ။ တစ်ကယ်လို့ Client တွေကို
Router ကနေ DHCP Enable လုပ်ပြီး IP ချထားပေးတယ်ဆိုရင် Router ရဲ့ Basic Setup က DHCP Server
Setting မှာ IP ဘယ်လောက်ကနေ ဘယ်လောက်ထိ ပေးထားတယ်ဆိုတာ မေ့နေရင် ပြန်ကြည့်လိုက်ပါ။
ပြီးရင်အပေါ်က ပြထားတဲ့ ပုံထဲက IP Address Range မှာ ကိုယ့်သတ်မှတ်ချင်သလောက် IP
ကိုထည့်ပေးလိုက်ပါ။ အဆင်ပြေပြီဆိုရင် Save Setting ကို Click နှိပ်ပြီး ထွတ်လို့ ရပါပြီ။
  Setp (7) Router ထဲက Access Restrictions အောက်က Website Blocking By URL Address ဆိုတဲ့
နေရာမှာ မိမိ Burn လိုတဲ့ website နာမည်တွေ ရိုက်ထည့်ပေးလိုက်ပါ။ URL1, URL2 , URL3 , URL 4 ဆိုပြီး
website 4 ခု block လုပ်လို့ ရပါတယ်။ 4 ခု ပြည့်သွားပြီ ဆိုရင်တော့ အပေါ်က Enter Policy Name မှာ
နောက်ထပ် နာမည်တစ်မျိုးပြောင်းပြီး နောက် Policy တစ်ခု ထပ်သတ်မှတ်လို့ ရပါတယ်။ နောက်တစ်ခု URL
ရိုက်တဲ့နေရာမှာ ဥပမာ ရုံးမှာ facebook ကို ဘန်းချင်တယ်ဆိုရင် www.facebook.com လို့ပဲရိုက်ထည့်ပေးပါ။
ရှေ့က http တွေဘာတွေ မလိုပါဘူး။ policy တစ်ခုကို website (4) ခု block လုပ်လို့ ရတယ်ဆိုတော့ ကိုယ်က
website (20) လောက် ဘန်းချင်ရင် policy (5) ခု သတ်မှတ်ပေးလိုက်ယုံပါပဲ။
အပေါ်မှာ အင်တာနက် အသုံးပြုလို့ရမဲ့ အချိန်တွေကိုလဲ သတ်မှတ်ပေးထားလို့ ရပါသေးတယ်။ Access
Restriction နဲ့ Schedule မှာ ကိုယ်စိတ်ကြိုက် အချိန်တွေ သတ်မှတ်ပေးထားလို့ ရပါသေးတယ်။
အဲဒီအောက်မှာ website blocking by keyword ဆိုပြီး Keyword နဲ့လည်း block လုပ်လို့ ရပါတယ်။
နောက်တစ်ခု FTP တို့ POP3 တို့ကိုလည်း block လုပ်လို့ ရပါတယ်။
Setp (8) အားလုံးပြီးသွားပြီ ဆိုရင်တော့ အောက်ဆုံးက Save Setting ကိုနှိပ်ပြီးထွက်လိုက်ပါ။ နောက် Router
ကို Reboot ပြန်ချပေးလိုက်ပါ။ အိုကေပါပြီ …..




http://aungkohtwe2013.blogspot.com မှ ပြန်လည်ဖော်ပြသည်။

No comments:

Post a Comment