သင့် Windows ကိုစဖွင့်လိုက်တဲ့အခါ BOOTMGR is missing Press Ctrl+Alt+Del to restart ဆိုတဲ့ error message ကိုတွေ့လိုက်ရပြီဆိုရင်တော့ သင့် Windows ရဲ့ boot sector ပျောက်ဆုံး (ပျက်စီး) သွားပြီပေါ့။ ဘာလို့ boot sector ပျက်စီးရသလဲဆိုရင် user ရဲ့မဆင်မခြင် အသုံးပြုမှုကြောင့်ပါ။ Windows ကို စနစ်တစ်ကျ Shutdown မလုပ်ဘဲနဲ့ Power Button ကိုတန်းနှိပ်ပြီးပိတ်လိုက်တာမျိုး၊ Program တွေ run နေရင်းနဲ့ စက်ကို restart / shutdown ချလိုက်တာမျိုး တွေကြောင့်ပါ။ တစ်ခါတစ်လေတော့ မသိသာပေမယ့် ကြာလာတာနဲ့အမျှ သင့်စက်ကို ထိခိုက်စေပါတယ်။ နောက်ပြီး Virus တွေရဲ့ တိုက်ခိုက်မှုကြောင့်လည်း boot sector တွေ ပျောက်ဆုံး (ပျက်စီး) နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့
(၁) Startup Repair
(၂) Command Prompt
ဆိုတဲ့နည်းလမ်း (၂) ခုပြောပြပါ့မယ်။
အဆင်ပြေရာကို သုံးကြပေါ့။