Thursday, November 28, 2013

ISA Server ၏ Monitoring နှင့် Reporting အကြောင်း

ကျွန်တော်ဒီသင်ခန်းစာမှာ ISA Server ၏ ၀န်ဆောင်မှုတစ်ခုအပါအ၀င်ဖြစ်သော Monitoring
ကြည့်ရှုထိန်းချုပ်ခြင်း အပိုင်းနှင့် Reporting အပိုင်းကို တင်ပြပေးပါသည်။ Server ၌ ပါဝင်သော monitoring
အပိုင်းသည် Server ၏ performance ကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ခြင်း၊ မိမိ၏ Local Network နှင့်
အတူပြင်ပ external network ကို ချိတ်ဆက်ထားသော Connectivity စသည်တို့ကို ထိန်းချုပ်နိုင်ခြင်း စသည့်
စိတ်ဝင်စားဖွယ် Tools များကို ထည့်သွင်းပေးထားပါသည်။


Reasons for use monitoring (Monitoring Tools ကို သုံးရခြင်းရည်ရွယ်ချက်)
ISA Server ၌ ပါဝင်သော Monitoring Tools ကို သုံးရခြင်း၏ ရည်ရွယ်ချက်များစွာ ရှိပါသည်။ ၄င်းတို့ထဲမှာ

အဓိက သုံးရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော-

(1)Monitoring traffic flow between network. (မိမိ Network နှင့် ပြင်ပ Network traffic ကိုကြည့်ရှုစောင့်ကြည့်နိုင်ခြင်း)
(2)Troubleshooting network connectivity. (Internet နှင့် ချိတ်ဆက်ထားသော Network connectivity အားပြုပြင်ထိန်းသိမ်းနိုင်ခြင်း)

(3)Investigating attacks. ( မိမိ Network အား ပြင်ပ External Network မှ တိုက်ခိုက်ခြင်းကိုကြည့်ရှုနိုင်ခြင်း)
(4)Planning (အစီအစဉ်ချခြင်း)
၎င်းအချက်များဟာ monitoring အပိုင်းကို သုံးရခြင်း၏ ရည်ရွယ်ချက်များဖြစ်ပြီး

တစ်ခြားရည်ရွယ်ချက်များစွာလည်း ရှိပါတယ်။ ယခုအခါ ၄င်း monitoring အပိုင်းတွင် ပါဝင်သော Components
အစိတ်အပိုင်းများကို ရှင်းပြပေးသွားပါမယ်။ ISA Server Monitoring တွင် ပါဝင်သော components များမှာ-

(1)Dashboard
(2)Alerts

(3)Sessions
(4)Services
(5)Reports
(6)Connectivity
(7)Logging တို့ဖြစ်ပါတယ်။

(1)ISA Server Dashboard

ISA Server၏ monitoring အပိုင်းတွင်ပါဝင်သော (Dashboard) Service သည် Server Real Time

Monitoring (အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ခြင်း) နှင့် Server ၏ Information (အချက်အလက်) များကို
Summary (အကျဉ်းချုပ်) ဖော်ပြပေးခြင်းကို လုပ်ဆောင်ပေးပါ သည်။ ၄င်း (Dashboard Tabs) တွင် ပါဝင်သော
Componets များမှာ

(1)Connectivity
(2)Services
(3)Reports
(4)Alerts
(5)Sessions
(6)System Performance တို့ဖြစ်သည်။

(1)Connectivity Tabs
၎င်းConnectivity Tabs တွင် Server ၏ (Network Connectivity) ကို Summary(အကျဉ်းချုပ်ကြည့်ရှုနိုင်ခြင်း)

(2)Services Tabs
၎င်း Services Tabs တွင် ISA Server ၌ Run နေသော Service များကို ပြသပေးခြင်း။

(3)Reports
၎င်း Reports ပိုင်းတွင် Server ပေါ်သတ်မှတ်ထားသော Report ပိုင်းကို Summary (အကျဉ်းချုပ်) ပြပေးခြင်း။

(4)Alerts
Alerts view တွင်လည်း Server ပေါ်၌ သတ်မှတ်ထားသော Alerts ပိုင်းကို ပြသပေးခြင်း။

(5)Sessions
Server မှ သတ်မှတ်ထားသော client session များအား ပြသပေးခြင်း။

(6)System Performance
၎င်း System Performance ပိုင်းတွင် Server ၌ သတ်မှတ်ထားသော Rule (စည်းမျဉ်းစည်းကမ်း) များနှင့်

Server မှတဆင့် ဖြတ်သန်းသွားသော Network Traffic များကို ကြည့်ရှုနိုင်ခြင်း စသည်တို့ ဖြစ်သည်။

Monitoring ISA Server System Performance

ဒီနေရာမှာ ကျွန်တော် ISA Server ရဲ့ System Performance အကြောင်းကို အသေးစိတ်ရှင်းပြပေးပါမယ်။ ဒီ
System Performance အပိုင်းဟာ Dashboard Tabs တွင် ပါဝင်ပြီး အရေးကြီးသော
အပိုင်းလည်းဖြစ်ပါတယ်။ကျွန်တော်တို့ ISA Server ကို (installation) လုပ်နေစဉ် အတွင်း၌ Server မှ
အရေးကြီးသော (System Performance) ၏ အစိတ်အပိုင်းများကို တစ်ပါတည်း တပ်ဆင်သွားပါတယ်။

၎င်းအစိတ်အပိုင်းများကို (System Performance Objects) လို့လည်း ခေါ်ဆိုကြပါတယ်။
၎င်းအစိတ်အပိုင်းများကို (System Performance Objects)လို့လည်း ခေါ်ဆိုကြပါတယ်။ ၄င်း
objects များဟာ (System Performance)၏ (Background Service)များဖြစ်ပါတယ်။ ပါဝင်သော objects

များမှာတော့ဖြင့်
(1) ISA Server Firewall Engine
(2) ISA Server Cache
(3) ISA Server Firewall Service
(4) ISA Server Web Proxy Service
(5) ISA Server H.323 Filter တို့ဖြစ်ပါတယ်။ ကျွန်တော် ဒီနေရာမှာ ပါဝင်သော object(5) ခုကို တစ်ခုချင်းဆီ
ရှင်းပြပါ့မယ်။

(1) ISA Server Firewall Engine
Firewall engine မှတစ်ဆင့် သတ်မှတ်မှတ်ထားသော packet များ၏ ခွင့်ပြုခြင်း (Allow) or တားမြစ်ခြင်း
(Deny) စသည်တို့အပြင်လက်ရှိအသုံးပြုနေသော Client Connection တို့၏ အရေအတွက်များကို
ကြည့်ရှုနိုင်သည်။ ဒီနေရာမှာ (Firewall Engine) နှင့် (Firewall Policy) အကြောင်းကို သက်ဆိုင်ရာ
သင်ခန်းစာမှာ အကျယ်တ၀င့်ရှင်းပြပေးပါ့မယ်။

(2) ISA Server Cache
Internet မှတစ်ဆင့် URL များအတွက် သိမ်းဆည်းထားရန် အထူးပြုလုပ်ထားသောအပိုင်းကို (Cache)
ဟုခေါ်ပါတယ်။ ၎င်း ISA Server Cache တွင် URL များအတွက် သိမ်းဆည်းထားသော disk ၏
စွမ်းဆောင်ရည်ကို ကြည့်ရှုနိုင်ခြင်းနှင့် ၎င်း URL များအား access လုပ်ဆောင်သော client များ၏ Performance
rate ကိုကြည့်ရှုနိုင်ခြင်း စသည်တို့ကိုဖော်ပြပေးပါ့မယ်။

(3) ISA Server Firewall Services
၎င်း ISA Server Firewall Service တွင် Firewall Client Connection တစ်မျိုးသာ ပြသပေးသည်။ ISA
Server မှ Support လုပ်သော Client Type (3) မျိုးရှိပြီး ၎င်းတို့မှာ
(1) Firewall Client

(2) Web Proxy
(3) Secure NAT Client တို့ဖြစ်သည်။ ၎င်း Client Type (3) မျိုးအသေးစိတ်ကို သက်ဆိုင်ရာ အခန်းကျမှ
တစ်ဆင့်အသေးစိတ်ရှင်းပေးသွားပြပါ့မယ်။ အခု Object ၌ Firewall Client ၏အရေအတွက်ကိုပြသပေးသည်။
(4) ISA Server Web Proxy Service

Web Proxy Service ကို ချိတ်ဆက်အသုံးပြုလျက်ရှိသော Client အားလုံး၏ Performance (စွမ်းဆောင်ရည်)
ကိုရည်ညွှန်းခြင်းဖြစ်သည်။
(5) ISA Server H.323 Filter
H.323 ကို Gatekeepen လို့ခေါ်ကြသည်။ ၎င်း H.323 ကိုအသုံးပြုတာကတော့ VOIP Phone တွေ , Video

Conferencing ထုက်တဲ့နေရာတွေမှာအသုံးပြုကြပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ VZO Chat နှင့်
Netmeeting Program တို့သည် H.323 Protocol ကိုအသုံးပြုကြပါတယ်။ ISA Server မှာ H.323 filter
ဆိုတာသည် H.323 Protocol ကို filter လုပ်ခြင်းလို့ပြောတာဖြစ်ပါတယ်။

၎င်း Sessions View တွင် Sessions တစ်ခုခြင်းစီအတွက် ပါဝင်သော Information (အချက်အလက်) များမှာ -
(1) Activation > (Session တစ်ခုချင်းစီ၏ Data and Time ကိုပြပေး )
(2) Session > (Secure NAT , Firewall Client , VPN Site - to -Site , and Web Proxy စသော Client

Type များကိုပြပေးသည်။)
(3) Client IP > (Client Type တစ်ခုခြင်းစီ၏ IP ကိုပြပေးသည်။)
(4) Source Network > (Client ၏ အသုံးပြုသော Network အသုံးပြုသော အစိတ်အပိုင်းကိုပြသပေးသည်။
ဥပမာ Internal or Local Host........ etc)

(5) Client User Name > (Client ၏ Name ကို ပြပေးသည်။ ၎င်း Name သည် Web Proxy Client နှင့်
Firewall Client Name (2) ခုကိုပင် ပြသပေးသည်။
(6) Client Host Name > (Client ၏ ကွန်ပျူတာ Name ကို ပြပေးသည်။ ၎င်းနေရာ၌ Firewall Client ၏

ကွန်ပျူတာ Name Secure NAT Client အတွက် IP Address ကိုသာပြပေးသည်။)
၎င်း Sessions ၌ ပါဝင်သော Information များအပြင် ကွန်တော်တို့သီးခြားဖန်တီးနိုင်သော Information
(2)မျိုးရှိသည်။ ၎င်းတို့မှာ-

(1) Server Name (ISA Server ၏ Name ပြပေးသည်။


(2) Application Name (Firewall Client ၏ လက်ရှိသုံးစွဲနေသော Application Name ကိုပြပေးသည်။)


Connectivity Mornitoring

Connectivity Service တွင် ISA Server နှင့် တစ်ဆင့်သီးခြား ထပ်ဆင့်ချိတ်ဆက်ထားသော Web based URL

, သီးခြားချိတ်ဆက်ချိတ်ဆက်ထားသော Server များနှင့် Computre များ၏ ကြားရှိ Connectivity ကို
စစ်ဆေးပေးခြင်းဖြစ်သည်။ ၎င်း Connectivity များကိုမစစ်ဆေးခင် ပထမဦးစွာ ISA Server နှင့်
သီးခြားချိတ်ဆက်နိုင်တဲ့ Group များကိုဖော်ပြထားပါတယ်။ ၎င်း တို့မှာ-

(1) Active Directory
(2) DHCP
(3) DNS
(4) Published Servers
(5) Web (Internet) တို့ဖြစ်သည်။ ၎င်း Group များသည် ISA Server နှင့် အပြန်အလှန်ချိတ်ဆက်နိုင်ပြီး
ချိတ်ဆက်ထားသော Group တစ်ခုခြင်းစီနှင့် ၎င်း တို့ကြားရှိ Connectivity ကိုကြည့်ရှုနိုင်သည်။

Services
Monitoring တွင်ပါဝင်သော Service တစ်ခုမှာ ISA Server Services တစ်ခုပင်ဖြစ်သည်။ ၎င်း Services
များသည် ISA Server ကို စတင် Install (တပ်ဆင်ခြင်း) ကပင်ပါလာသည်။ ၎င်း Services များမှာ-

(1) Microsoft Firewall Service
(2) Microsoft ISA Server Control Service
(3) Microsoft ISA Server Job Schedular Service
(4) Microsoft Data Engine (MSDE)
(5) Microsoft ISA Server Storage တို့ပဲဖြစ်ပါတယ်။ ISA Server Services ၌ စုစုပေါင်း (၅) ခုသာရှိပေမယ့်

တကယ်တမ်း Server Job ၌ Microsoft Firewall Service , Microsoft ISA Job Schedular နှင့် Microsoft
Data Engine (MSDE) သုံးခုသာတွေ့ရှိရမှာဖြစ်ပါတယ်။ ၎င်း Services များကို Stop or Start စသည့်
Configuration များပြုလုပ်ပေးနိုင်ပါတယ်။

Sessions
Sessions Services တွင် ISA Server နှင့် ချိတ်ဆက်အသုံးပြုလျက်ရှိသော Client Type များကို
ဖော်ပြပေးသည်။၎င်း Sessions ကို တစ်နည်းအားဖြင့် “Monitor Real-Time Sessions”
ဟုလည်းခေါ်ဆိုကြသည်။ ၎င်း Sessions Services သည် အဓိက ISA Server မှ Support လုပ်ထားသော

Client Type များ၏ သုံးစွဲနေသောအချိန်တို့ကို ပြသပေးခြင်းသာဖြစ်သည်။ ၎င်း Sessions တစ်ခုခြင်းစီအတွက်
ဝင်ရောက်ပြင်ဆင်နိုင်သောအချက် (၃) ချက်မှာ -

(1) Disconnecting the Sessions (လက်ရှိအသုံးပြုနေသော Client ၏ Sessions ကိုအပြီးတိုင်ဖြုတ်ချခြင်း)

(2) Pausing Monitoring Sessions (လက်ရှိအသုံးပြုနေသော Client ၏ Sessions ကို ခေတ္တခဏရပ်ခြင်း)
(3) Stopping Monitoring Sessions (လက်ရှိအသုံးပြုနေသော Client ၏ Sessions ကိုရပ်ထားခြင်း)
တို့ကိုပြုလုပ်နိုင်သည်။ ၎င်း Sessions တွင်ပါဝင်သော Client types (6)မျိုးရှိသည် ၎င်းတိုပမှာ -

(1) Firewall Clients
(2) Secure NAT Clients
(3) Web Proxy Clients
(4) VPN Remote Clients
(5) VPN Site-to-Site Connections
(6) VPN Quarntined Clients

Connectivity နှင့် ပက်သက်၍ Configure လုပ်နိုင်သော အချက်(၃) ချက်ရှိသည်။ တစ်နည်းအားဖြင့် ၎င်း
Connectivity ကိုစစ်ဆေးနိုင်သော အချက်များဟူ၍လည်း ခေါ်ဆိုနိုင်သည်။ ၎င်း အချက်(၃)ချက်မှာ -

(1) Ping
(2) TCP Connect
(3) HTTP Request

(1) Ping
Ping သည် ISA Server မှ တစ်ဆင့်သတ်မှတ်ထားသော Web Server , URL စသော Server များသို့ IP

Message ဖြစ်သော (ICMP ECHO-REQUEST Message) ပို့လွှတ်ခြင်းနှင့် လက်ခံတွေရှိ ခြင်း (ICMP ECHO
REPLY) တို့ကိုဆောင်ရွက်ပေးသည်။

(2) TCP Connect
မိမိဖန်တီးတည်ဆောက်ခဲ့သော User or URL ဆီသို့သက်ဆိုင်ရာ Application တစ်ခုခြင်းစီ၏ Port Number



ကိုထိန်းချုပ်ခြင်းဖြစ်သည်။

(3) HTTP Request
သတ်မှတ်ထားသော Web Server ဆီသို့ ISA Server မှတစ်ဆင့် Web (URL) နှင့်ပက်သက်၍
တောင်းဆိုခြင်းကိုဆိုလိုပါသည်။

Alerts
Alerts ပိုင်းတွင် ISA Server တစ်ခုလုံး၏ အရေးကြီးသော အစိတ်အပိုင်းများကို လုံခြုံရေးအရ ဖန်တီးထားပြီးပြင်ပ

Network မှ ၀င်ရောက် Detect လုပ်ခြင်းတို့၏အန္တရာယ်မှကာကွယ်ပေးနိုင်ရန်
စီစဉ်ဆောင်ရွက်ခြင်းကိုဆိုလိုပါသည်။ ၎င်း Alert ၌ Server တစ်ခုလုံးအတွက်လုံခြုံရေးအပိုင်းများအား
သတ်မှတ်ထားပြီးနောက် အကယ်၍မိမိ၏ Network အတွင်းအား ပြင်ပ Network မှ ထောက်လှမ်းခြင်း

(detect) လုပ်ခြင်းခံရပါက Server Administrator အားအကြောင်းကြားပေးနိုင်ရန် ဖန်တီးပေးထားခြင်းဖြစ်သည်။

Logs
Log Service တွင် ISA Server ၏ ဖြစ်ပျက်မှုမှန်သမျှကို သိမ်းဆည်းနိုင်သည်။

Reports
Reports Service တွင် ISA Server တစ်ခုလုံးအကျဉ်းချုပ်အလုပ်လုပ်ဆောင်ပုံကို HTML Format နှင့်

ပြန်လည်ထုတ်ပြခြင်းဖြစ်သည်။ ၎င်း HTML Format နှင့်ထုတ်ပြရန်မိမိစိတ်ကြိုက်ရွေးချယ်နိုင်သော အချက်(၅)
ချက်ရှိသည်။၎င်းတို့မှာ-

(1) Summary
(2) Web Usage
(3) Application Usage


Credit to solakoko.blogspot.com

No comments:

Post a Comment