Thursday, November 28, 2013

Active Directory (Part 1)

network စလုပ်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း AD ဆိုတာဘာလဲ၊ ဘယ်မှာ သုံးတာလည်းကို ဆိုတာကို မသိခဲ့ပါဘူး။ network စလေ့လာတဲ့သူတွေထဲမှာလည်း ကျွန်တော့်တုန်းကလိုဘဲ သိချင်တဲ့ သူတွေရှိမယ်လို့ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သိသလောက် ကြိုးစားရေးကြည့်ပါ့မယ်။ ကျွန်တော် AD ကို စကြားဖူးတာက ဆရာ ဦးမျိုးအောင်လတ် သင်တန်းမှာပါ။ သင်တန်းမှာ AD ကို စသင်တဲ့အခါတုန်းက တော်တော်ကို စိတ်ညစ်ခဲ့တာပါ။ ဘာမှန်းကို မသိခဲ့ဘူးပေါ့။ အဓိကတော့ သူ့ကို ဘာကြောင့်သုံးရမှန်း နားမလည်ခဲ့ဘူး။ ဆရာသင်တာကတော့ ကောင်းပါတယ်။ ကျွန်တော်က အခြေခံ လုံးဝ မရှိတဲ့ အတွက် နားမလည်ခဲ့တာပါ။အဲ့မှာ လာတက်ကျတဲ့ သူတွေကလည်း Experience ရှိပြီးသား လူတွေ၊ ISP မှာ လုပ်နေတဲ့ သူတွေက များတယ်ဆိုတော့ သူတို့နဲ့ အပြိုင် သင်ရတာဆိုတော့ မလွယ်ဘူး။  သူတို့ တွေကျတော့ လွယ်လွယ်နဲ့ နားလည်ကြတာပေါ့။ ကျွန်တော်ကတော့ ပထမဆုံး  network ကို စသင်ရတဲ့ သင်တန်းမို့လို့ သင်သမျှ အားလုံးက
အစိမ်းသက်သက် ဖြစ်နေတာ။Topic တွေ တော်တော်များများတော့ နားလည်သလို ရှိခဲ့ပါတယ်။ AD ကျတော့မှ လုံးဝ နားမလည်ခဲ့ဘူးပေါ့။ စာရွက်ထဲမှာ ရှိတဲ့ အတိုင်း AD configuration ကို Lab လုပ်ခဲ့ပါတယ်။ ဘာကြောင့်၊ ဘာအတွက် လုပ်နေရမှန်း မသိခဲ့ဘူး။ စကား များတာလည်း ကြာသွားပြီဆိုတော့ AD အကြောင်းကို  စရေးပါ့မယ်။

AD သုံးတာ စတွေ့ဖူးတာက Internet ဆိုင် တစ်ဆိုင်မှာပါ။ အဲ့ဒီ ချိန်တုန်းက Internet ဆိုင်က နည်းနည်းလေးဘဲ ရှိတယ်။ ပြီးတော့ Café Zee တို့၊ Handy Café  တို့တွေကလည်း ခေတ်မစားသေးဘူး။ အဲ့ဒီ ဆိုင်မှာ အစတုန်းကတော့ AD သုံးထားမှန်း မသိခဲ့ပါဘူး။ အဲ့ဒီ internet ဆိုင်ရဲ့ network ပုံစံက ဒီလို။ ကျွန်တော်က ဘယ် ထိုင်ခုံမှာဘဲထိုင်ထိုင် ကျွန်တော် သုံးနေကျ Desktop ဘဲပေါ်ပေါ်လာတယ်။ ပြီးတော့ Desktop,My Document ထဲမှာ save လိုက်တဲ့  file တွေကို နောက်နေ့ ဘယ် computer မှာဘဲ ထိုင်သုံးသုံး တွေ့နေရတယ်။ သုံးခဲ့တဲ့ internet history တွေ၊ bookmark၊ cookie တွေ အားလုံးက ရှိနေတယ်။ ပြီးတော့လည်း ကျွန်တော် My Computer ထဲ ၀င်ကြည့်ရင်လည်း Drive တစ်ခုကိုတွေ့ရတယ်။ Space ကတော့ 10 GB။ ထူးခြားတာက ထို Drive က ဘယ် computer မှာဘဲ ထိုင်ထိုင် ရှိနေတယ်။ ပြီးတော့ ကျွန်တော်ထည့်ထားတဲ့ file တွေဘဲ ရှိနေတယ်။ တခြား လူတွေ ထည့်ထားတဲ့ file တွေမရှိနေဘူး။ တနည်းအားဖြင့် ကျွန်တော့ အတွက် သီးသန့် drive လို ဖြစ်နေတာပေါ့။ အဲ့တုန်းကတော့ ဟာ…မိုက်တယ်ပေါ့။ ဘယ်လို လုပ်ထားလဲ မသိဘူးပေါ့။ (မှတ်ချက်:အဲ့ဒီတုန်းက ကျွန်တော် AD သင်ပြီးနေပါပြီ။အဲ့လို တော်ခဲ့ကြောင်း လူစုံတုန်း ရှင်းပြတာပါ J ) တဖြည်းဖြည်း အချိန်ကြာလာမှ အော်…ဒါ AD ကို သုံးထားတာပါလားလို့ သိခဲ့တာပါ။ ဒီ post နောက်ပိုင်းမှာ အဲ့ဒါကို ဘယ်လို configuration လုပ်ရလဲဆိုတာကို ကျွန်တော် ရေးပါဦးမယ်။ထို internet ဆိုင်မှာ Network လုပ်ထားပုံ အကြမ်းဖျင်း ပြောရမယ် ဆိုရင် Client Computer တွေအားလုံးကို Domain ချိတ်ထားတယ်။ internet သုံးမယ့် Customer အားလုံးအတွက် user account ကို Domain Controller (Server) မှာ ဆောက်ထားတယ်။user account အားလုံးအတွက် Roaming Profile လုပ်ထားတယ်။ဒါကြောင့် Customer က ဘယ် computer ကိုသုံးသုံး ထို Customer နဲ့ ဆိုင်တဲ့ profile data တွေကို ထို Customer သုံးနေတဲ့ computer စက်မှာ တွေ့ရတာ။ဒါကြောင့် ကျွန်တော်က ဘယ် computer မှာဘဲ ထိုင်ထိုင် ကျွန်တော်ရဲ့ profile folder ကို Domain Server ကနေ ကျွန်တော် log on ၀င်သုံးနေတဲ့ computer ဆီ လှမ်းပို့ပေးနေပါတယ်။ ဒါကြောင့် ကျွန်တော့်သုံးခဲ့တဲ့ desktop,My Document, Internet Browser History, BookMark, Cookie စတာတွေကို ရနေတာပါ။ ကျွန်တော် ဘယ် စက်မှာဘဲထိုင်ထိုင် ကျွန်တော့်အတွက် drive ကိုရနေတယ် ဆိုတာကလည်း server က share folder ကို Network Drive အနေနဲ့ ပေးထားတာပါ။ ပုံမှန်ဆိုရင်တော့ Network Drive ရဲ့ space က share folder ရှိတဲ့ Drive ရဲ့ size ဘဲ ဖြစ်မှာပါ။ ဆိုတာက Server မှာ thantzinsoeShare ဆိုတဲ့ folder ကို share ထားပါတယ်။ထို folder က Server ရဲ့ Drive D အောက်မှာ ဆောက်ထားတာပါ။ Drive D ရဲ့ harddisk partition size က 160GB ဆိုပါတော့။ဒါဆိုရင် ကျွန်တော် ကျွန်တော့် computer ရဲ့ My Computer ထဲမှာ thantzinsoeShare ဆိုတဲ့ Network Drive ရဲ့ storage size ကို ကြည့်ကြည့်မယ်ဆိုရင် 160GB ဆိုပြီး ပြနေမှာပါ။ အဲ့ဒီလို 160GB အားလုံးကို ကျွန်တော့်ကို မပေးချင်လို့ Disk Quota feature ကိုသုံးပြီး 10GB ဖြစ်အောင်လုပ်ထားတာပါ။ ကျွန်တော် computer ထဲကို ကျွန်တော့် account နဲ့ ၀င်တဲ့အခါ server မှာ ရှိတဲ့ ကျွန်တော့် share folder ကို Drive letter တစ်ခုနဲ့ ပြအောင်လို့ Home Folder path ထဲမှာ setting ထည့်ထားပါတယ်။ ဟုတ်ကဲ့ဗျာ့။ ဒါအကြမ်းဖျင်းပါဘဲ။(ရားးးး…ရေးစရာတွေ အများကြီးပါလားနော်။ ရေးမိတာ မှားပြီထင်တယ်။)

 AD ကို ခုမှ စလေ့လာတဲ့ သူဆိုရင် သေချာပါတယ်။ ဘာတွေ ပြောနေပါလိမ့်ဆိုပြီး။အော် ကိုယ့်ကိုကို အထင်ကြီးနေမိပြီ။ ဒီ အထိ ဖတ်လာရင်တောင် ကံကောင်း။နောက်ကျရင် ကျွန်တော် ပုံနဲ့တကွ ပြန် ရေးပါ့မယ်။ configuration တွေကို အရမ်းကြီး step by step မလုပ်ပြတော့ဘူးဗျ။ Screen shot အနေနဲ့ဘဲ ပြသွားလိုက်ပါမယ်။

ဟုတ်ပြီဗျ။ အပေါ်မှာ ပြောခဲ့တာက ကျွန်တော် ပထမဆုံး တွေ.ဖူးခဲ့တဲ့ AD ကို အသုံးချထားတဲ့ နေရာ တစ်နေရာပါ။

Simple AD structure ကို အရင်လေ့လာကြည့်ရအောင်။ AD သုံးရင် ဘာတွေ ပိုကောင်းလာလဲ။ ဘယ်တွေမှာ သုံးလဲဆိုတာကို ပြောကြည့်ရအောင်။ အဲ့ဒါက အရေးကြီးတယ်လေ။ နို့မဟုတ်ရင် project တစ်ခုရလာရင် workgroup ဘဲထားရမလား။ Domain ဘဲ ထားရမလားဆိုတာကို သေသေချာချာ မသိဘဲ ဖြစ်လိမ့်မယ်။ Domain ထားတယ်ဆိုတာက တနည်းအားဖြင့် AD network ကိုသုံးတယ်လို့ ပြောတာပါဘဲ။

Note: Mail software ကို Microsoft က ထုတ်တဲ့ exchange mail software ကို သုံးမယ်ဆိုရင် AD ကို မဖြစ်မနေ သုံးရမှာပါ။ ဒီ software က AD မှာ ဆောက်ထားတဲ့ user တွေကို mail user အနေနဲ့ သုံးသွားမှာမို့လို့။

AD ဘာလို့ သုံးလဲဆိုတာက သိရအောင် ပုံနဲ့ ကြည့်ရအောင်။



Computer 4 လုံးရှိတယ်ပေါ့။ Computer1,Computer2,Computer3 နဲ့ server စက်ရယ်ပေါ့။ ခုချိန်က computer တွေအချင်းချင်း ဒီအတိုင်းဘဲ ချိတ်ထားသေးတယ်။WorkGroup အနေနဲ့ဘဲ ချိတ်ထားသေးတယ်။ Network ကြိုးတပ်တယ်။ NetID တူတဲ့ IP တွေပေးတယ်ပေါ့။ ဒီအချိန်မှာ computer ကိုသုံးဖို့ window log in ၀င်မယ်ဆိုရင် ထို computer မှာဘဲ ၀င်မယ့် user အတွက် account တွေကိုဆောက်ထားပေးထားရမယ်။ ဥပမာ thantzinsoe ဆိုတဲ့ user account ကိုသုံးပြီး computer 1 ထဲ window log in ၀င်သုံးချင်တယ်ဆိုရင် ထို computer 1 စက်ထဲမှာ thantzinsoe user account ကိုဆောက်ထားပေးရမယ်။ thantzinsoe user name နဲ့ computer2 ထဲ ၀င်သုံးမယ်ဆိုရင် computer 2 မှာလည်း thatnzinsoe user account ကိုဆောက်ထားပေးရမယ်။ သန့်ဇင်စိုးက သူကြိုက်တဲ့ စက်မှာ thantzinsoe ဆိုတဲ့ user account နဲ့ ၀င်သုံးနိုင်ဖို့ဆိုရင် computer တိုင်းမှာ thantzinsoe ဆိုတဲ့ user account ကို လိုက်ဆောက်ပေးနေရမှာပေါ့။ ဒါဆိုရင် computer အလုံး ၁၀၀ လောက်ရှိရင် ဘယ်လိုလုပ်မလဲ။ computer အလုံး တစ်ရာ လုံးမှာ thantzinsoe user account ကို ဆောက်ပေးရမှာပါ။  မေးစရာ တစ်ခုတော့ရှိမှာပါ။ ဘာလို့ သန့်ဇင်စိုးက အားယားပြီး ရှိသမျှ computer တိုင်းကို လိုက်သုံးမလဲပေါ့။ ဥပမာဗျာ။ စာသင်ခန်းတစ်ခု။ Library ခန်းတစ်ခု။ အဲ့ဒီမှာ ဆိုရင် ကြိုက်တဲ့ ကျောင်းသားက ကြိုက်တဲ့စက် ၀င်သုံးမယ်လေ။ ဒါ မင်းမသုံးလို့မရဘူး။ ငါသုံးနေကျစက် ဆိုရင်တော့ ပြသနာတွေတက်ကုန်မှာပေါ့။ ဒီလိုမျိုး user တစ်ယောက်ရဲ့ user account တွေကို computer တိုင်းမှာ လိုက် ဆောက်ဖို့ ဆိုတာ မလွယ်ကူဘူးလေ။ ဒါကြောင့် AD Network ကို သုံးလာကြတယ်။

AD Network သုံးမယ်ဆိုရင်တော့ thantzinsoe account ကို client computer (computer1,2,3) တို့တွေဆီမှာ မဆောက်တော့ဘဲ့ ACServer (domain controller server) မှာဘဲ ဆောက်လိုက်ရုံဘဲ။ ဒါဆိုရင် သန့်ဇင်စိုးက server မှာ ဆောက်ထားတဲ့ user name ကိုသုံးပြီး computer1,2,3 ထဲက ကြိုက်တဲ့ computer တစ်လုံးလုံးထဲကို log on ၀င်လို့ရသွားပြီ။ computer 1,2,3 တစ်လုံးလုံး ထဲကို server (domain controller server) မှာ ဆောက်ထားတဲ့ username နဲ့ log on ၀င်သုံးချင်တယ်ဆိုရင်တော့ ထို computer တွေကို အရင်ဦးဆုံး domain member ဖြစ်အောင်လုပ်ပေးရမယ်။ တနည်းအားဖြင့် computer တွေကို ACServer နဲ့ logically ချိတ်ဆက်လိုက်တာ။ (အဲ့လိုလုပ်နည်းကို “Client ဘက်ခြမ်းမှာ configuration လုပ်ခြင်း။” Section မှာကြည့်နိုင်ပါတယ်။Additional Knowledge: user တစ်ယောက်ကို domain member computer တွေအားလုံးစီမှာ သုံးခွင့်မပေးချင်ဘဲ ထို user သုံးနိုင်တဲ့ computer တွေကို ကန့်သတ်ပေးထားလို့ရတယ်။ User ရဲ့ property ကနေတဆင့် configuration ချပေးနိုင်ပါတယ်။)

ဒီလိုဆိုရင် သန့်ဇင်စိုး က သူ့အတွက် server မှာ ဆောက်ပေးထားတဲ့ thantzinsoe user account ကိုသုံးပြီး computer1,2,3 ထဲကို log on ၀င်လို့ရသွားပါပြီ။ သန့်ဇင်စိုး က computer1 ထဲကို server မှာ ဆောက်ထားတဲ့ thantzinsoe user account နဲ့ဝင်လိုက်တယ်ဆိုပါတော့။ သန့်ဇင်စိုးက ထို computer1 ထဲမှာ သွင်းထားတဲ့ application တွေကို သုံးလို့ရမယ်။ My Computer icon ကို နှိပ်ပြီး ၀င်လိုက်ရင် ထို window ထဲမှာ ထို computer1 မှာ တပ်ထားတဲ့ hard disk drive တွေကို တွေ့ရလိမ့်မယ်။ ဒါတွေ ဘာလို့ ကျွန်တော် ပြောရလဲဆိုရင် အရင်တုန်းက ကျွန်တော်ထင်တာက client computer ထဲ server က username နဲ့ log on ၀င်လိုက်ရင် server မှာ သွင်းထားတဲ့ application တွေ၊ server ပေါ်က hard disk တွေကို တွေ့ရလိမ့်မယ်လို့ ထင်ထားတာ။ အဲ့လို မဟုတ်ပါဘူး။ မိမိ log on ၀င်ထားတဲ့ computer ပေါ်မှာ ရှိတဲ့ application တွေ၊ hard disk တွေဘဲ တွေ့ရမှာပါ။ Domain controller server မှာ ဘာမှ configuration မလုပ်ထားဘဲ default configuration နဲ့သုံးမယ်ဆိုရင် Domain controller က client computer ထဲကို log on ၀င်နိုင်ဖို့အတွက် username နဲ့ password ကို ထောက်ပံ့ပေးရုံလောက်ဘဲရှိနေမှာပါ။Domain controller server ကို configuration လုပ်ထားမူ့ပေါ် မူတည်ပြီး function တွေပိုရလာမှာပါ။ ဥပမာ roaming drive (server ပေါ်က share folder ကို မိမိ computer ပေါ်မှာ map network drive အနေနဲ့ လာပြမှာ) Roaming Profile (user က ဘယ် computer မှာ ထိုင်ထိုင် သူ့ရဲ့ desktop,document တွေကို ပြန်ရတယ်) Group Policy (user တွေ computer ထဲမှာ ဘာလုပ်ပိုင်ခွင့်ရှိမလဲဆိုတာကို server ကနေ centrally ကန့်သတ်တာ။ဥပမာ user ကို task manager, command prompt သုံးခွင့်မပေးဘူး။ folder option ဖျောက်ထားချင်တာ စတာမျိုးတွေပါ)စတဲ့ feature တွေရချင်ရင် domain controller ပေါ်မှာ configuration ချထားပေးမှ ရမှာပါ။ ဒီတိုင်းကြီးတော့ အလိုလို မရပါဘူး။Domain controller server ကို configuration ဘာမှ မလုပ်ထားရင် Domain controller server က user တွေ client computer ထဲ log in ၀င်နိုင်ဖို့အတွက် username,password ထောက်ပံ့ပေးရုံ၊user ထည့်လိုက်တဲ့ username,password မှန်မမှန် စစ်ပေးရုံ ကလွဲပြီး ဘာမှ လုပ်ပေးမှာ မဟုတ်ပါဘူး။

ပြန်ဆက်လိုက်ရအောင်။AD network (server ကို DC role တင်တယ်။ client computer တွေကို member computer ဖြစ်အောင်လုပ်တယ်) လုပ်လိုက်တဲ့အတွက် သန့်ဇင်စိုး က computer တိုင်းမှာ thantzinsoe ဆိုတဲ့ user account နဲ့ ၀င်လို့ရသွားပြီ။ ဒါပေမယ့် ပြသနာ တစ်ခုရှိတယ်။ ဆိုပါတော့ သန့်ဇင်စိုးက computer1 မှာ thantzinsoe account ကို သုံးပြီး window ထဲဝင်လိုက်တယ်။ ပြီးတော့ CV တစ်စောင်ရိုက်ပြီး desktop ပေါ်မှာ Save လိုက်တယ်။ နောက်နေ့ကျတော့ သန့်ဇင်စိုး အခန်းထဲ ၀င်လာတော့ computer1 မှာ ဦးသန်းရွှေ ထိုင်နေတယ်။ သူ့ကို သွားထ ခိုင်းလို့ ဘယ်ရမလဲ။ပြသနာတွေတက်ကုန်မှာပေါ့။ ဒါကြောင့် computer 2 မှာ ၀င်ထိုင်ပြီး thantzinsoe domain user account နဲ့ window ထဲဝင်လိုက်တယ်။ window တက်လာတော့ desktop မှာ သူ မနေ့က သိမ်းခဲ့တဲ့ CV file ကို မတွေ့တော့ဘူး။အရင်တုန်းက သုံးခဲ့တဲ့ Desktop background နဲ့လည်း ဟုတ်တော့ဘူး။ My Document ထဲမှာလည်း အရင်က သိမ်းခဲ့တဲ့ data တွေလည်း မရှိတော့ဘူး။ desktop အသစ်ကြီးလိုဖြစ်နေတာပေါ့။ Profile အသစ်ကြီးလို ဖြစ်နေတယ်။(အရင်က သန့်ဇင်စိုးက computer 1 ကိုဘဲ သုံးခဲ့တာလေ) အဲ့ဒါ ဘာကြောင့်လည်း ဆိုရင် Roaming Profile feature ကို thantzinsoe user အတွက် Domain Controller Server မှာ configuration မလုပ်ထားလို့။

Profile Folder

Roaming profile feature  မပြောခင် Profile Folder ကို အရင်ပြောပါမယ်။ ကျွန်တော်တို့တွေ computer တစ်လုံးတည်းကို account တစ်ခုနဲ့ log on ၀င်သုံးတယ်ဆိုပါတော့။ ကျွန်တော်တို့ window တက်လာရင် တွေ့ရတဲ့ desktop တို့၊ My Document တို့ဟာ တကယ်တမ်းတော့ C:\DocumentAndSetting အောက်မှာ ရှိတာ။ တိတိကျကျပြောရင် C:\DocumentAndSetting\(log on ၀င်လိုက်တဲ့ account name folder) အောက်မှာ ရှိနေတာ။ အဲ့ဒီ account name folder တစ်ခုလုံးကို profile folder လို့ခေါ်တယ်။ သူ့အောက်မှာ Desktop,MyDocument ဆိုတဲ့ sub folder တွေလည်း ထပ်ရှိတယ်။ အောက်ကပုံမှာ ပါတယ်။ ဆိုပါတော့ ကိုယ်က thantzinsoe account ကိုသုံးပြီး window log in ၀င်လိုက်တယ်။ ပြီးတော့ Desktop ပေါ်မှာ file တစ် file သိမ်းလိုက်တယ်။ တကယ်က ထို File က C:\document&Setting\thantzinsoe\Desktop folder အောက်မှာ သိမ်းလိုက်တာ။Window Vista\7 window ဆိုရင် profile folder က C:\users\ အောက်မှာ ရှိတယ်။ အောက်ကပုံလို။

Roaming Profile Feature

Roaming Profile လုပ်တယ်ဆိုတာက  computer တစ်လုံးမှာ ရှိတဲ့ user တစ်ယောက်ရဲ့ profile folder ကို Server ပေါ်မှာ copy ပွားပြီး သိမ်းလိုက်တာ။ ကိုယ့် စက်ထဲမှာလည်း ရှိနေတယ်။ server မှာလည်း ရှိနေတယ်။ ဆိုပါတော့။

သန့်ဇင်စိုး အတွက် roaming profile ရအောင်လို့ server မှာ thantzinsoe user account ရဲ့ property ထဲမှာ configuration လုပ်ထားတယ်။အပေါ်ပုံမှာ ဘယ်လို လုပ်လဲဆိုတာကို ပြထားပါတယ်။သန့်ဇင်စိုးက computer1 ထဲကို thantzinsoe domain user account နဲ့ log on ၀င်လိုက်တယ်။ file တွေကို My Document, Dekstop (Additional Knowledge: လက်ရှိ ကိုယ်သုံးနေတဲ့ Computer ရဲ့ C drive,D drive ထဲမှာ data ထည့်လိုက်ရင်တော့ ဒီစက်ထဲမှာ ထိုင်မှဘဲ ထို data ကို access လုပ်လို့ရမှာ။) ထဲ ထည့်လိုက်တယ်။ပြီးတော့ စက်ကို shutdown ချလိုက်တယ်။ (သို့မဟုတ်) log off ချလိုက်တယ်။ ဒါဆိုရင် သန့်ဇင်စိုးရဲ့ profile data ကို AC Server ရဲ့ profile folder ထဲကို copy ပွားထည့်လိုက်တယ်။copy ပွားထည့်တယ်လို့ ပြောတာက thantzinsoeprofile folder က computer 1 ထဲမှာလည်း ကျန်နေတာလေ။

အောက်ကပုံကိုကြည့်ပါ။ (အပေါ်ကြည့်ခိုင်း အောက်ကြည့်ခိုင်းနဲ့ ရူးသွားတော့မယ် J ) သန့်ဇင်စိုးက Computer 2 ကနေ thantzinsoe account ကိုသုံးပြီး log on ၀င်လိုက်မယ်ဆိုရင် ACServer က နေ thantzinsoe ရဲ့ profile folder ကို သန့်ဇင်စိုး ခုသုံးနေတဲ့ computer 2 ထဲကို copy ပွားထည့်ပေးလိုက်လိမ့်မယ်။ အဲ့လို ထည့်ပေးလိုက်တဲ့ အတွက် သန့်ဇင်စိုးက သူတွေ့နေကျ desktop, My Document, Browser History, Bookmark, cookie, Email တွေကို တွေ့ရလိမ့်မယ်။ သန့်ဇင်စိုးက သူ computer 2 ထဲမှာ သုံးရင်းနဲ့ CV တစ်ခုကို ရိုက်ပြီး desktop မှာ သိမ်းလိုက်တယ်။ ပြီးတော့ log off (or) shutdown  ချလိုက်တယ်။ ချလိုက်တာနဲ့ တပြိုင်နက် သန့်ဇင်စိုး ဒီ စက် (computer 2) မှာ သိမ်းလိုက်တဲ့ CV file တစ်ခုတည်းကိုဘဲ ACServer ရဲ့ thantzinsoeProfile folder(\Desktop\CV.doc) ထဲမှာ update လုပ်လိုက်တယ်။ သန့်ဇင်စိုးက computer1 မှာ ပြန်ထိုင်ပြီး log in ၀င်လိုက်မယ်ဆိုရင် computer1 ရဲ့ thantzinsoeProfile folder နဲ့ ACServer မှာရှိတဲ့ thantzinsoeprofile folder တို့ အချင်းချင်း တိုက်စစ်ကြတယ်။ ACServer မှာဘဲ ရှိပြီး  computer1 မှာ မရှိတဲ့ CV file တစ်ခုကိုဘဲ computer 1 ထဲပို့ လိုက်တယ်။ ACServer မှာရှိတဲ့ profile folder တစ်ခုလုံးကို Computer1 ထဲ copy ပွားထည့်စရာမလိုဘူး။ ကျွန်တော် ပြောချင်တာက Roaming Profile လုပ်ထားလို့ network traffic အရမ်းကြီးမဖြစ်တဲ့ သဘောကိုပါ။အဲ့ထက် ပိုအကျိုးရှိတာက thantzinsoeprofile folder ကို client မှာရော၊server မှာပါ ရှိနေတဲ့အတွက် client ဖြစ်ဖြစ်၊ server ဖြစ်ဖြစ် တစ်လုံးပျက်သွားရင်တောင် ကောင်းနေတဲ့ computer တစ်လုံးလုံးကနေ ပြန် data ပြန်ယူလို့ရပါသေးတယ်။

Default က user တိုင်းက roaming profile feature မရဘူး။ ရစေချင်ရင် ရစေချင်တဲ့ user ရဲ့ user account property ထဲမှာ အောက်ကလိုမျိုး setting ထည့်ပေးရမယ်။ အောက်ကပုံက သန့်ဇင်စိုး user ကို roaming feature ရဖို့အတွက် DC server မှာ setting သွားထည့်တာ။ (Active Directory user and computer console ထဲကနေလုပ်ပေးရတာ)ပုံမှာ သန့်ဇင်စိုးရဲ့ profile folder ကို server မှာ သိမ်းဖို့အတွက် \\192.168.2.100\ProfileCOllection လမ်းကြောင်းပေးလိုက်တာ။path လမ်းကြောင်းကို network path အနေနဲ့ဘဲ သုံးလို့ရတယ်။ ဒါကြောင့်လည်း server မှာ ဆောက်ထားတဲ့ profile ထည့်မယ့် folder ကို share လုပ်ပေးရလိမ့်မယ်။(Note: thantzinsoe user ကိုလည်း share folder ပေါ်မှာ write permission ရအောင် ပေးပေးရမယ်။ thantzinsoe account က local computer ထဲမှာ ရှိတဲ့ profile folder ကို share လုပ်ထားတဲ့ profile folder ထဲကို လာထည့်မှာလေ။)local computer မှာရှိတဲ့ thantzinsoe profile folder ကို ထို path လမ်းကြောင်းထဲက folder ထဲမှာ သွားသိမ်းပေးလိမ့်မယ်။

ဟုတ်ပြီ။ ဒါဆိုရင် computer တစ်လုံးမှာ သန့်ဇင်စိုးက thantzinsoe ဆိုတဲ့ user account နဲ့ ၀င်သုံးတယ်။ သန့်ဇင်စိုးက desktop မှာ file 10 file သိမ်းလိုက်တယ်။ သန့်ဇင်စိုးက log off ထွက်လိုက်ရင် (သို့မဟုတ်) shutdown ချလိုက်ရင် သန့်ဇင်စိုး သုံးနေတဲ့ computer ထဲမှာ ရှိတဲ့ thantzinsoe profile folder တစ်ခုလုံးကို (thantzinsoe account property ရဲ့ profile path textbox မှာ သတ်မှတ်ထားတဲ့) server က folder ထဲမှာ သွားသိမ်းလိုက်တယ်။ ဒီ Example မှာ ဆိုရင် Server ပေါ်က profilecollection folder ပေါ့။ profilecollection folder အောက်မှာ thantzinsoe ဆိုတဲ့ folder ကိုတွေ့ရမှာပါ။ ထိုထဲမှာ thant zin soe profile file တွေရှိနေပါလိမ့်မယ်။

တလက်စတည်း ပုံထဲမှာ ပါတဲ့ Connect ဆိုတဲ့ အကြောင်း ရေးလိုက်ပါ့မယ်။ connect မှာ ဖြည့်ထားတဲ့ setting က ဘာအတွက်လည်းဆိုရင် thantzinsoe account နဲ့ ၀င်လိုက်တဲ့ computer မှန်သမျှ My computer ထဲမှာ network drive အနေနဲ့ drive (Drive letter:W) တစ်ခု auto ပေါ်ပေးနေပါလိမ့်မယ်။ထို drive က တနည်းအားဖြင့် To နေရာမှာ ဖြည့်ထားတဲ့ share folder ကို လှမ်းချိတ်ထားတာ။ (ကျွန်တော်သုံးခဲ့တဲ့ internet ဆိုင်မှာ အဲ့ဒီလိုမျိုး လုပ်ထားလို့လည်း ကျွန်တော် ဘယ် စက်မှာ ထိုင်ထိုင် ကျွန်တော့် drive ကို တွေ့သလိုမျိုးဖြစ်နေတာ)

ကျွန်တော် လေ့လာဆဲဖြစ်ပါသည်။
thantzinsoe.weebly.com မှ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။
ဒီပို့ကို ရေးသော ကိုသန့်ဇင်စိုးအား ကျေးဇူးအထူးတင်ပါသည်။ 

No comments:

Post a Comment