Friday, September 13, 2013

AVG Rescue Boot CD က ဗိုင်းရပ်စ် သတ်ပေးပါလိမ့်မယ်

အချို့ Virus တွေဟာ ကွန်ပျူတာထဲကို ၀င်တာနဲ့တစ်ပြိုင်နက် ကွန်ပျူတာမှာ အကာအကွယ်အဖြစ်ထည့်ထားတဲ့ Antivirus Software ကိုတောင် သုံးလို့မရတော့အောင် ဖြုတ်ချတာမျိုးရှိပါတယ်။ အညာသားလေး ကိုယ်တိုင်လဲကြုံဖူးပါတယ်။ နောက်ပြီး ဘယ် Antivirus Software မှထည့်လို့မရအောင်လဲ သူတို့က ကာထားတတ်ပါသေးတယ်.။ Windows ရဲ့ အရေးကြီးတဲ့ Settings တွေကိုလဲပိတ်မယ်၊ဘယ် Antivirus မှလည်းစက်ထဲကို ထည့်လို့မရတော့ဘူး.။ စက်ကလည်း အရမ်းလေးနေပြီ၊ Virus တွေကိုလဲ ဘယ်လိုမှသတ်လို့မနိုင်တော့ဘူး၊ Windowsပြန်တင်ရမှာလည်း ပျင်းတယ်ဆိုရင် အခု ပြောပြတဲ့ အကြောင်းအရာလေးက တကယ်အသုံးဝင်ပါလိမ့်မယ်.။


သူ့နာမည်က AVG Rescue Virus Killer လို့ခေါ်ပါတယ်။ သူ့ကို Install လုပ်စရာမလိုပါဘူး။ သူ့ကို အင်တာ
နက်ကနေ ဒေါင်းလွတ်ချရင် ဖိုင်တစ်ဖိုင်အဖြစ်ချပေးပါလိမ့်မယ်။ ဒီအကြောင်းမပြောမီ အရင်ဆုံး စက်ထဲမှာ
အခွေကူးတဲ့ Nero Starsmart ဆိုတဲ့ Software ရှိနေရပါမယ်။ ပြီးရင် CD အခွေလွတ်တစ်ခုရှိရပါ့မယ်။ ဒါတွေအားလုံး ပြည့်စုံသွားပြီဆိုရင်တော့ အညာသားလေးတင်ပေးထားတဲ့ဖိုင်ကို Download ချလိုက်ပါ။
Download ချပြီးလို့ရလာတဲ့ဖိုင်ကို ကလစ်လိုက်တာနဲ့ Nero Starsmart ထဲကို အလိုလိုရောက်ပြီး အခွေထဲကို
ကူးရန် အသင့်ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုတာက ဒေါင်းလွတ်ချထားတဲ့ ဖိုင်ကို စီဒီလွတ်ထဲကို ကူးယူခိုင်းတာ
မဟုတ်ဘူးနော်.။ အဲဒီ ဒေါင်းလွတ်ချထားတဲ့ ဖိုင်ကို ကလစ်လိုက်မှ့ အခွေကူးတဲ့ အထဲကို အလိုလိုရောက်သွား လိမ့်မယ်။ အဲဒီထဲမှာမှ CD လွတ်ထဲကို ကူးထည့်လိုက်လို့..ပြီးသွားရင် အဲဒီ စီဒီထဲမှာ ဖိုင်နဲ့ဖိုလ်ဒါတွေ ငါးခု ခြောက်ခုလောက်တွေ့ရပါလိမ့်မယ်။ လုပ်ငန်းစဉ်အကုန်လုံး ပြီးသွားရင် AVG Rescue
Boot CD ဖန်တီးတဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။

အဲဒီ Boot CD ကိုသုံးတော့မယ်ဆိုရင် အရင်ဆုံး Boot CD ကို CD-Rom ထဲထည့်လိုက်ပါ။ ကွန်ပျူတာကို Restart ချလိုက်ပါ။ First Boot ကို CD-Rom ထားပြီး ကွန်ပျူတာကို ပြန်မောင်းလိုက်ပါ။ AVG Rescue Boot CD စတင်အလုပ်လုပ်ပါလိမ့်မယ်။ လုပ်ပုံလုပ်နည်းတွေကလည်း လွယ်ပါတယ်။ ညွှန်ကြားထားတဲ့ အတိုင်းလုပ်
ပေးပါ။ ကြိုက်တဲ့ Hard Disk အပိုင်းကိုရွေးပြီး Scan စစ်လို့ရပါတယ်။ကဲ..စမ်းကြည့် Virus တွေ အများကြီး ထွက်လာလိမ့်မယ်။ ဒါပေမယ့် Boot တက်ပြီး ဗိုင်းရပ်စ်သတ်ခြင်းသည် အလွန်ထိရောက်သောကြောင့် Virus
Infected ဖြစ်နေတဲ့ ဖိုင်တွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ၀င်းဒိုးစနစ်ကို မထိခိုက်ပေမယ့် အချို့သော ဗိုင်းရပ်
ကိုက်ခံရတဲ့ Software တွေရဲ့ဖိုင်တွေကိုတော့ ဖယ်ရှားပစ်သောကြောင့် အချို့သော Software တွေ သုံးလို့
မရတဲ့အခါရှိပါတယ်။အဲဒီသုံးမရတော့တဲ့ Software ကို Uninstall လုပ်ပြီး ပြန်လည် Install လုပ်လိုက်ပါ။ အကုန်
လုံးအဆင်ပြေသွားပါလိမ့်မယ်။ ပြီးရင် Registry Cleaner လို Software မျိုးနဲ့ သန့်ရှင်းရေးလုပ်လိုက်ပါ။

အညာသားလေးက အားလုံးကို အဆင်ပြေစေချင်တဲ့ စေတနာနဲ့ ရှင်းပြပေးတာပါ။ ဒါပေမယ့် ရှင်းလေ ရှုပ်လေဖြစ်နေတယ် ဆိုရင်တော့ အနူးအညွန့်တောင်းပန်ပါတယ်နော်.။မသိတာ ရှိရင်လဲ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ကဲ..အောက်မယ် ပေးထားတယ်.။ ယူလိုက်တော့နော်.။
 
 
http://mooncity7.blogspot.com မှ ပြန်လည်ဝေမျှသည်။

No comments:

Post a Comment