Tuesday, September 10, 2013

Photoshop ဖြင့် အသုံးဝင် Animated စာလုံးများ ဖန်တီးခြင်း



ဒီအပေါ်မှာ မြင်နေရတဲ့ Animated စာလုံးလေးတွေ လုပ်နည်းကို တောင်းထားတဲ့ Blogger တွေများပေမယ့် အရင်က အလွယ်တကူဖြစ်အောင် ပုံလေးတွေနဲ့ တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို အလွယ်ဆုံးဖြစ်မယ့် Video ဖိုင်လေးနဲ့ ဖန်တီးလို့ ပြီးသွားပြီဖြစ်လို့ လိုအပ်တဲ့သူများအတွက် အဆင်ပြေအောင် Youtube မှာတင်ပြီး ကျနော့် Blog မှာ လင့်ပြန်ချိတ်ပေးထားပါတယ်..။ Youtube ကသီချင်းတွေကြည့်တဲ့နေရာမှာလည်း ကျနော့် Blog နာမည် Lwinminbo ဆိုပြီးရိုက်ထည့်လိုက်ရင် ကျနော်တင်ထားတဲ့ Video ဖိုင်တွေ ပေါ်လာပါလိမ့်မယ်..။ Youtube ကနေပဲ ဒီ Animated Floating Light Text ဆိုတဲ့ Video လေးရဲ့ အောက်မှာလည်း Photoshop CS3 နဲ့ မြန်မာစာဖေါင့်အလှတွေကို တခါတည်း ဒေါင်းယူလို့ရအောင် လင့်ချိတ်ပေးထားပါသေးတယ်..။ လိုအပ်တဲ့သူများကတော့ Youtube ကနေလည်း ဝင်ယူလို့ရသလို၊ အခုကျနော့် Blog ရဲ့ ဒီပိုစ့်မှာလည်း CS3 နဲ့ MM Fonts တွေကို ဒေါင်းယူလို့ ရပါတယ်..။ ဒီလုပ်နည်းလေးကို CS3 နဲ့လုပ်ရတာ ပိုလွယ်တဲ့အတွက် CS6 နဲ့မပြပဲ CS3 နဲ့ပဲ လုပ်ပြပေးလိုက်တာပါ..။ ဒီနည်းလေးကို အသုံးပြုလိုတဲ့သူများကတော့ အောက်က Video လေးကို လေ့လာကြည့်လိုက်ပါဗျာ..။ ကျနော်ဖန်တီးထားတဲ့ ဒီအောက်က Video ဖိုင်လေးကို ကြည့်ပြီး Photoshop နဲ့ Animated Text စာလုံးလေးတွေကို ဖန်တီးတတ်သွားပါလိမ့်မယ်..။
Photoshop CS3 နဲ့ မြန်မာဖေါင့် စာလုံးအလှလေးတွေကို အောက်ကလင့်ကနေ လိုအပ်တဲ့သူများ ဒေါင်းယူနိုင်ပါတယ်..။

မြန်မာဖေါင့်အလှတွေကို Install ထည့်တတ်အောင်
မြန်မာဖေါင့်အလှများနှင့် Install ထည့်နည်းပိုစ့် မှာ ပြန်ကြည့်ပေးပါ..။ Photoshop CS3 Portable ကိုတော့ အောက်ကပုံအတိုင်း ၂ချက်တောက်ဖွင့်ပြီး Desktop မှာ Icon လေးထုတ်ထားလိုက်ရင် အလွယ်တကူ သုံးလို့ ရသွားပါပြီ..။


အရင်တုန်းက Blogger တွေ မေးမေးချင်း ပုံလေးတွေနဲ့ ရှင်းပြပေးဖို့ မလွယ်တဲ့အတွက်.. အခုမှ ဒီလုပ်နည်းကို Video ဖိုင်လေးနဲ့ တင်ပေးဖြစ်ပါတယ်..။ Blogger တွေ နားလည်၍ ကျေနပ်နိုင်ပါစေ..။ အားလုံးပဲ အဆင်ပြေကြ၍ နည်းပညာများ တိုးတက်ပါစေ..။
 
Credit From လွင်မင်းဗိုလ်(နည်းပညာ)

2 comments:

  1. အကိုရေ password တောင်းနေတယ်
    ဘာထည့်ရမှာလဲ

    ReplyDelete