Thursday, November 28, 2013

ISA Server ၏ Monitoring နှင့် Reporting အကြောင်း

ကျွန်တော်ဒီသင်ခန်းစာမှာ ISA Server ၏ ၀န်ဆောင်မှုတစ်ခုအပါအ၀င်ဖြစ်သော Monitoring
ကြည့်ရှုထိန်းချုပ်ခြင်း အပိုင်းနှင့် Reporting အပိုင်းကို တင်ပြပေးပါသည်။ Server ၌ ပါဝင်သော monitoring
အပိုင်းသည် Server ၏ performance ကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ခြင်း၊ မိမိ၏ Local Network နှင့်
အတူပြင်ပ external network ကို ချိတ်ဆက်ထားသော Connectivity စသည်တို့ကို ထိန်းချုပ်နိုင်ခြင်း စသည့်
စိတ်ဝင်စားဖွယ် Tools များကို ထည့်သွင်းပေးထားပါသည်။

Active Directory (Part 2)

WorkGroup Network မှ Active Directory Network ကို ပြောင်းခြင်း။


ကဲအပေါ်ပုံ workgroup network ကို Active Directory Network တစ်ခု ဖြစ်အောင် ပြောင်းကြရအောင်။ အဓိကတော့ server စက် ကို အရင် စလုပ်ရပါမယ်။ server ကို Active Directory တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ ရာထူးပေးပေးရမယ်။ တနည်းအားဖြင့် domain controller server ဖြစ်အောင် လုပ်ပေးရမယ်။ Domain Controlller ဖြစ်ပြီးသွားရင် သူ့ထဲမှာဘဲ client computer တွေမှာ log in ၀င်သုံးမယ့် username account အားလုံးကို  ဆောက်ပေးရမယ်။  

Active Directory (Part 1)

network စလုပ်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း AD ဆိုတာဘာလဲ၊ ဘယ်မှာ သုံးတာလည်းကို ဆိုတာကို မသိခဲ့ပါဘူး။ network စလေ့လာတဲ့သူတွေထဲမှာလည်း ကျွန်တော့်တုန်းကလိုဘဲ သိချင်တဲ့ သူတွေရှိမယ်လို့ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သိသလောက် ကြိုးစားရေးကြည့်ပါ့မယ်။ ကျွန်တော် AD ကို စကြားဖူးတာက ဆရာ ဦးမျိုးအောင်လတ် သင်တန်းမှာပါ။ သင်တန်းမှာ AD ကို စသင်တဲ့အခါတုန်းက တော်တော်ကို စိတ်ညစ်ခဲ့တာပါ။ ဘာမှန်းကို မသိခဲ့ဘူးပေါ့။ အဓိကတော့ သူ့ကို ဘာကြောင့်သုံးရမှန်း နားမလည်ခဲ့ဘူး။ ဆရာသင်တာကတော့ ကောင်းပါတယ်။ ကျွန်တော်က အခြေခံ လုံးဝ မရှိတဲ့ အတွက် နားမလည်ခဲ့တာပါ။အဲ့မှာ လာတက်ကျတဲ့ သူတွေကလည်း Experience ရှိပြီးသား လူတွေ၊ ISP မှာ လုပ်နေတဲ့ သူတွေက များတယ်ဆိုတော့ သူတို့နဲ့ အပြိုင် သင်ရတာဆိုတော့ မလွယ်ဘူး။  သူတို့ တွေကျတော့ လွယ်လွယ်နဲ့ နားလည်ကြတာပေါ့။ ကျွန်တော်ကတော့ ပထမဆုံး  network ကို စသင်ရတဲ့ သင်တန်းမို့လို့ သင်သမျှ အားလုံးက

Wednesday, November 27, 2013

CPE Configure ပြုလုပ်ခြင်း

Configuration စတင်ခြင်း
 
ဘာError မှမတက်ဘဲ Reply ဖြစ်နေပြီဆိုရင်တော့ CPE Configuration ကို စတင်လို့ ရပါပြီ။ ဒီလို စတင်လုပ်ဖို့အတွက် Computer ရဲ့ Browser (Internet Explorer, Mozilla Firefox, Chrome) တစ်ခုခုကို ဖွင့်လိုက်ပါ။ အဲဒီ Browser ရဲ့ Address Bar နေရာမှာ CPE ရဲ့သတ်မှတ် IP နံပါတ်ဖြစ်တဲ့ 192.168.1.254  ကိုရိုက်ပြီး ကီးဘုတ်က Enter ကိုနှိပ်လိုက်ပါ။(ကျွန်တော် နမူနာ အနေနဲ့ Mozilla Firefox ကိုသုံးထားပါတယ်။)

Enter နှိပ်လိုက်တာနဲ့ CPE ထဲသို့ ၀င်ရောက်နိုင်မဲ့ User Name , Password တောင်းတဲ့ box တစ်ခု ပွင့်လာပါမယ်။ အဲဒီထဲမှာ CPE ရဲ့ မူလသတ်မှတ်ထားတဲ့-
        User Name     -    admin
        Password        -    admin
ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပြီးရင် အောက်မှာပါတဲ့ OK ကိုနှိပ်ပြီးဝင်ရောက်လိုက်ပါ။

Sunday, November 24, 2013

CPE ဖြင့် Wireless လွှင့်နည်း၊ ဖမ်းနည်း

 

(၁) CPE ကို Router ရှိတဲ့ဘက်မှာ ထားပြီး သုံးမယ်ဆိုရင် ......
အရင်ဆုံး Router Configuration ထဲမှာပေးထားတဲ့ SSID (name) နဲ့ Security key လေးကိုတော့ မှတ်ထားပေးပါ။  
DHCP ကို Enable ပေးထားပါ။