Thursday, June 13, 2013

Anti Virus Program မသုံးဘဲ ဗိုင်းရပ်စ်များကို ရှင်းနည်း

ည်သည့် Anti-virus Program များကိုမှ မသုံးပဲ ဗိုင်းရပ်(စ်)များကိုဖယ်ရှားနည်းမှာ-

1. စက်ကို restart လုပ်ပါ။ပြန်တက်ခါစတွင်F8 key ကိုဖိနှိပ်ပါ။ Safe Mode Command Prompt Only ကိုရွေးပေးပါ။
2.
Command Prompt ထဲကို Administrator အနေဖြင့်ဝင်ရောက် ထားကြောင်း သေချာပါစေ။
3. cd C:\windows\system32 ရိုက်ပါ။
4. dir /ah ရိုက်ပါ။ (System မှ ဖျောက်ထားသောဖိုင်များကို ခေါ်ယူကြည့်ရှုခြင်းဖြစ်သည်။)
[ သင့်အနေနှင့် AUTORUN.INI, BLASTCLNNN.EXE, SCVHOST.EXE ဗိုင်းရပ်(စ်)ဖိုင်မျာပျံ့  နှံ့ နေ သည်ကိုသတိပြုကြည့်ပါ။ ]
5. အောက်ပါအတိုင်းဖြေးဖြေးနှင့်မှန်ကန်တိကျစွာတစ်ကြောင်းရိုက်ပြီးတိုင်း ENTER ခေါက်ပေးပါရန်။



Type ATTRIB -H -R -S SCVHOST.EXE
Type ATTRIB -H -R -S BLASTCLNNN.EXE
Type ATTRIB -H -R -S AUTORUN.INI
Type DEL -H -R -S SCVHOST.EXE
Type DEL -H -R -S BLASTCLNNN.EXE
Type DEL -H -R -S AUTORUN.INI
TYPE CD\
TYPE ATTRIB -H -R -S AUTORUN.INF
TYPE DEL AUTORUN.INF


အားလုံးရိုက်ပြီးလျှင် စက်ကို နောက်ထပ်တစ်ကြိမ် RESTART လုပ်ပါ။

6. Start Menu ---> ClK Run ---> Regedit ရိုက်ပါ။
[ သတိပြုရန် registery ကို လိုလိုမယ်မယ် backup ကြိုလုပ်ထားပေးစေလိုပါသည်။ ]
7. Look the location entry:
HKEY_CURRENT_USER
\Software\Microsoft\Windows\CurrentVersion\Run ကိုသွားပါ။
Entry Yahoo! Messengger Value က C:\windows\system32\scvhost.exe
ကိုတွေ့ရင်ဖျက်ပစ်ပါ။
8. Look the location entry:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Winlogon သွားပါ။
Entry Named မှာ SHELL, Valu = Explorer.exe,SCVHOST.EXE ကိုတွေ့ခဲ့ရင် Edit this Value ကိုရွေးပေးပြီး SCVHOST.EXE ကိုဖျက်ပါ Explorer.exe ကိုချန်ထားခဲ့ပါ။တကယ်လို့မျာ အဆိုပါ ဖိုင်ကိုမှားယွင်း ဖျက်လိုက်မိပါက စက်ထဲကို login ၀င်လို့ရမည်မဟုတ်ပါ။

စက်ကို restart နောက်တစ်ကြိမ်ပြန်လုပ်ပေးခြင်းဖြင့် သင့်ကိုဒုက္ခပေးနေသော ဗိုင်းရပ်(စ်)များကို System ထဲမှ အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပါသည်။



ရငဲသား (နည်းပညာ) မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment