Friday, June 28, 2013

IDM ပြဿနာတစ်ခု...

 
ဖော်ပြပါ ပုံလေးကတော့ OK ပေါ်နေတဲ့ ဘာက်စ်လေးကို မပိတ်ရင် ဖိုင်တွေကို ဒါင်းယူလို့ ရနေပါတယ်..။ ပိတ်လိုက်ရင်တော့ အောက်ဒုတိယပုံအတိုင်း ပေါ်လာပြီး ဒေါင်းယူလက်စ ဖိုင်ကို ဖျက်ချပစ်လိုက်ပါတယ်..။ အဲ့ဒီစက်ကို ဒီပိုစ့်မှာ ပြပေးထားတဲ့ နည်းအတိုင်း crack နဲ့ ဖူးလုပ်ပေးလိုက်တာ IDM ကို အသုံးပြုလို့ ရသွားပါတယ်..။ လုပ်နည်းကို အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။



ကျနော်တို့ Install ထည့်ထားပြီးတဲ့ IDM ရဲ့ Installed Folder လေးထဲကို အောက်ကပုံအတိုင်း ဝင်သွားလိုက်ပါတယ်..။ ဒီပုံမှာ ပြထားတာကတော့ IDM နောက်ဆုံးဗါးရှင်းရယ်လို့ မဆိုလိုပါဘူး..။ ဘယ်ဗါးရှင်းကိုပဲ ဖြစ်ဖြစ် ဒီနည်းနဲ့ လုပ်ပေးလိုက်ရင် အသုံးပြုလို့ ရသွားပါပြီ..။ အရေးကြီးဆုံးတချက်ကတော့ IDM ကို ဘယ်သောအခါမှ Update မလုပ်ပါနဲ့..။ Update တောင်းတဲ့ ဘောက်စ်ပေါ်လာရင် Cancel နှိပ်ပြီး ပိတ်ပစ်လိုက်ပါ..။ 



အပေါ်ပုံအတိုင်း Open File Location ကနေ သွားပြီး IDMan ဆိုတဲ့ အစိမ်းရောင် ပုံလေးကို Delete နဲ့ သွားဖျက်ပစ်လိုက်ပါ..။ 
ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့ crack ဖိုဒါထဲက crack ဖိုင် IDMan ပုံလေးကို copy-paste သို့မဟုတ် မောက်စ်မျှားနဲ့ ဖိဆွဲပြီး အပေါ်က ဖျက်ပစ်လိုက်တဲ့ ဖိုဒါထဲမှာ ထည့်ပေးလိုက်ပါ..။ 



နောက်ထပ် crack ၂ခုထဲက မိမိတို့ ဝင်းဒိုးရဲ့ ဗါးရှင်းအလိုက် 32-bit သို့မဟုတ် 64-bit တခုကိုပဲ အပေါ်ကနည်းအတိုင်း copy-paste နဲ့ ထည့်ပေးပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Right Click >> Merge ကို တချက်ကလစ်ပေးလိုက်ပါ..။ နောက်ပေါ်လာတဲ့ ဘောက်စ်တွေမှာ OK တို့ Yes တို့ ပေးလိုက်ရင် ရသွားပါပြီ..။


ပြီးရင်တော့ IDMan ပုံလေးပေါ်မှာလည်း Right Click >> Run as Administrator နဲ့ တချက် Run ပေးလိုက်ပါ..။



အပေါ်ကအဆင့်တွေ အးလုံးပြီးသွားရင်တော့ Apply >> OK ပေးလိုက်ရင် IDM ကို ဖူးသုံးလို့ ရသွားပါပြီ..။ ပထမဆုံး စသုံးတဲ့ တကြိမ်မှာ အောက်ကပုံအတိုင်း Update တောင်းတဲ့ ဘောက်စ်ပေါ်လာရင် Cancel နှိပ်ပေးဖို့ သတိရပါ..။ ဒါဆိုရင် Update မလုပ်မချင်း မိမိတို့ရဲ့ ဝင်းဒိုးတွေမှာ IDM ကို အမြဲတမ်း ဖူးသုံးလို့ ရသွားပါပြီ..။  


အားလုံးပဲ လုပ်တတ်၊ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။


လွင်မင်းဗိုလ်(နည်းပညာ) မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment