Wednesday, June 26, 2013

ကွန်ပျူတာကို အလိုအလျောက် ချိန်ကိုက် ပိတ်စေမည် (သို့မဟုတ်) မိမိရဲ့ ဖုန်းကနေလှမ်းပိတ်မည်



ကွန်ပျူတာကို အလိုအလျောက်ပိတ်သွားစေချင်တယ်။
 (သို့မဟုတ်)

ကိုယ်က အိပ်ရာထဲမှာ တစ်ခုခုလုပ်နေရင်း :P (စာဖတ်ခြင်း) အိပ်ရာထဲကနေပဲ ကွန်ပျူတာကို လှမ်းပိတ်မယ်။



ဆိုပါစို့  ထိုအခါမျိုးတွေအတွက် အသုံးဝင်မယ့် နည်းလမ်းလေးကို မျှဝေလိုက်ပါတယ်။


ကွန်ပျူတာကို အချိန်ပေးပြီး ပိတ်ချင်ရင်တော့ ဘာမှမလိုပါဘူး။
 ဖုန်းနဲ့ လှမ်းပြီး ပိတ်ချင်ပါတယ်ဆိုရင်တော့

ကွန်ပျူတာနဲ့ ဖုန်းဟာ အိမ်က ၀ိုင်ဖိုင် နက်ဝက် တစ်ခုတည်းမှာပဲ တူတူ မိနေရပါမယ်။


ဒါလေးကို စပြီးဒေါင်းလုပ်လုပ်ပြီး အင်စတော လုပ်ပေးပါ။

 

Download Here

ကျွန်တော်တို့ အင်စတော လုပ်ပြီးတာနဲ့ ကွန်ပျူတာ ဒတ်စ်တော့ မှာပေးနေတဲ့ Shutter အိုင်ကွန်လေးကို နှိပ်ပြီး

မိမိ ကြိုက်နှစ်သက်ရာ ကိုရွေးချယ် လုပ်ဆောင်စေနိုင်ပါပြီး ။ Event: ဆိုတဲ့ Tab menu အောက်မှာ ပါတဲ့ကိုယ်ကြိုက်

နှစ်သက်ရာ ကို ရွေးချယ်ပေါ့။ အလွယ်ဆုံးဥပမာကတော့ on time ပေါ့။ ကိုယ်ပိတ်စေချင်တာက

ည ၁၁ နာရီဆို time: မှာ 23:00 ကို ရွေးပေးလိုက်ပါ။ ဒါမှမဟုတ်ပဲ ကိုယ်က အိပ်ရာဝင် ကွန်ပျူတာကို

Virus Scan လုပ်ပြီး အိပ်တယ်ဆိုပါစို့ ။

LOw CPU usage ကိုရွေးပေါ့။ Virus Scan က CPU usage ကို မြင့်စေနိုင်တော့ သူစစ်ပြီးသွားလို့ 

usage နည်းသွားတာနဲ့ ကွန်ပျူတာ က ပိတ်သွားမှာပေါ့။ ဒါကတော့ ကွန်ပျူတာကို အချိန်နဲ့ ပိတ်စေ တာပါ။


ဖုန်းဖြင့် လှမ်း၍ ပိတ်ခြင်း
~~~~~~~~~~~~~~~~

shutter icon လေးကိုပဲ ဖွင့်လိုက်ပါ။ Options ကို ဆက်၍နှိပ်ပါ။ Web Interface ဆိုတာကို တွေ့ပါလိမ့်မည်။

Enable ကို အမှန်ခြစ်ပေးလိုက်ပါ။
 listen IP: ကိုနှိပ်လိုက်ပြီး မိမိကွန်ပျူတာရဲ့ IP address ကိုရွေးလိုက်ပါ။

အဲဒီ IP addresss ဟာ ကိုယ့်အိမ်က ၀ိုင်ဖိုင် address လည်းဖြစ်ရမှာပါ။ ဒါမှ ဖုန်းကနေ လှမ်းချိတ်တဲ့အခါ ၀ိုင်ဖိုင်

နက်ဝက်အတွင်းမှာ တူတူရှိနေလို့ ချိတ်လို့ အဆင်ပြေမှာဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုရင်တစ်ချို့တွေမှာ

Vitual Machine တွေရဲ့ IP Address လည်းပြေနေလို့ပါ။
 IP address ရွေးပြီးတာနဲ့ Listen Port: မှာ

ကိုယ်ကြိုက်ရာထည့်ပါ။ ဒါပေမယ့်known port တွေ မထည့်ပါနဲ့ အစမ်းသဘောနဲ့ ကျွန်တော် ထည့်သလို


IP 192.168.1.1


Listen Port: 802


ပြီးရင် username ထည့်ပါ။ shogun, ပတ်စ်ဝေါ့ထည့်ပါ shogun1234


ဖြည့်ပြီးတာနဲ့ save ကို နှိပ်ပေးပါ။ ဒါဆိုရင် မိမိဖုန်းကနေ လှမ်းပြီး ကွန်ပျူတာကို ပိတ်လို့ရပါပြီ။


ဖုန်းရဲ့ အင်တာနက် browser ကိုသွားပါ။ ဖုန်းက ကွန်ပျူတာနဲ့ ip address တူတဲ့ဝိုင်ဖိုင်

နက်ဝက်အတွင်းမှာရှိနေရပါမယ်
။ Address Bar မှာ ကိုယ်ရဲ့ ကွန်ပျူတာ ip address ကို port ခံပြီး ရိုက်လိုက်ပါ။


192.168.1.1:802 အဲလိုရိုက်လိုက်တာနဲ့ ပေးထားတဲ့ username နဲ့ password ကိုရိုက်လိုက်ပါ။

ဒါဆို ရင် မိမိကွန်ပျူတာကို shutdown, reboot, logoff, etc လုပ်လို့ရတဲ့ Shutter Web Interface ပေါ်လာမှာပါ။

ကိုယ်ကွန်ပျူတာ Desktop ပေါ်ကို လှမ်းကြည့်မယ်ဆိုရင်တော့ screenshot of a Desktop

ဆိုတာလေးကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ အိပ်ရာထဲမှာ အလုပ်ဆက်လုပ်နိုင်ပြီပေါ့။ :P


တစ်ကယ်ဆို ကိုယ့်ဖုန်းနဲ့ ကွန်ပျူတာမှာ Teamviewer software ရှိထားရင်လည်း လုပ်ဆောင်နိုင်ပါတယ်။

ဒါပေမယ့်ဒီနည်းက အင်တာနက်မလိုပဲ မိမိအိမ်မှာ wifi router တစ်လုံးရှိပြီး ၀ိုင်ဖိုင်နက်ဝက်ထဲမှာ ကွန်ပျူတာကော

ဖုန်းပါ မိနေရင်ကိုအဆင်ပြေပါပြီ။

No comments:

Post a Comment