ကွန်ပျူတာကိုတွေကို ....8 port switch နဲ့ ချိတ်တဲ့နည်းပြောပြပါမယ်..(
peer to peer ပါ )
ပထမဆုံး ..RJ 45 ခေါင်းနဲ့ male ခေါင်းတွပါတဲ့ နက်ဝပ် cable တွေ နဲ့ switch မှာ ချိတ်ဆက်ထားဘို့ လိုပါတယ်...ပထမဆုံး စက်မှာ ..IP ထည့်ပါမယ်.. ခုပြောပြတဲ့အတိုင်း ထည့်ကြည့်ပါ...my network place > properties> TCP/IP ကို select လုပ် properties ကိုနှိပ်ပါ ..use following IP ဆိုတာမှာ IP address မှာ 15.11.80.1 ပြီးရင် tab ခုန်လိုက်ပါ ..subnetmark ကိုသူ့အတိုင်းရှိပါစေ..default gateway မှာလဲ...15.11.80.1 လို့ရိုက်ထည့်ပါ...အားလုံးကို ok လုပ်ပြီးထွက်..General Tab ကို ပြန်ရောက်ရင်..show icon in notification ဆိုတာကို အမှန်ချစ် လုပ်ပေးခဲ့ပါ..( tray မှာ ကွန်ပျူတာပုံလေးပေါ်လာအောင်ပေါ့) ဒါဆို ပထမ ဆာဗာအထိုင်စက် ပြီးပါပြီ...
တခြားစက်တွေ ချိတ်ပါမယ်..
.my network place > properties> TCP/IP ကို select လုပ် properties ကိုနှိပ်ပါ ..use following IP ဆိုတာမှာ IP address မှာ 15.11.80.2 ပြီးရင် tab ခုန်လိုက်ပါ ..subnetmark ကိုသူ့အတိုင်းရှိပါစေ..default gateway မှာလဲ...15.11.80.1 လို့ရိုက်ထည့်ပါ...အားလုံးကို ok လုပ်ပြီးထွက်ပါ ...
ဒီလိုဘဲ တစ်လုံးပြီး တစ်လုံး IP address မှာ 2 . 3 . 4စသဖြင့် ဆီးရီး ပေးသွားပါ..
အားလုံးပြီးသွားပြီ ဆိုရင်တော့ ...စက်အားလုံး ရဲ့ mycomputer > properties > computer name မှာ အမည်တွေပေးပါ...အောက်မှာရှိတဲ့ workgroup ဆိုတာမှာ ..စက်အားလုံးကို Group name တစ်ခုထဲ တူညီစွာပေးထားပါ...
စက်အားလုံးကိုရီစတပ်ချလိုက်ပါ ...ဒါဆိုရင် .. စက်အားလုံးချိတ်လို့ပြီးနေပါပြီ...
တစ်လုံးက တစ်လုံးကို ခေါ်ချင်ရင် .. run box မှာ ..\\ 15.11.80.2\ .enter ခေါက်လိုက်ရင် .. IP no 2 စက်ကို ခေါ်လို့ ရပါပြီ...နဲနဲလေးစောင့်ပြီးမကြာခင်မှာတက်လာမှာပါ ...
ဖိုင် shared ပေးတာ ...printer shared ပေးတာကိုတော့ ..နောက်နေ့ မှ ပြောပြ ပေးပါမယ်...

ကျနော်သိသလောက်လေး share လိုက်ပါတယ်ဗျာ
File Share နည်း
computer-A မှ Folder တစ်ခုကို share မည်ဆိုပါဆို
(၁) ၄င်းဖိုဒါကို right click နိုပ် Sharing and security ကို click (properties box ကျလာမည်)
(၂) Share this folder ကို ရွေးပါ
Permission ကို click
ကျလာသည် box ၏ အပေါ်တွင် everyone ရှိရမည် အောက်တွင် Change နှင့် read နှစ်စလုံးတွင် အမှန်ခြစ်ပေးပြီး ok ..... ok ဖြင့်ထွက်ခြင်းဖြင့် folder တစ်ခု share ခြင်းပြီးဆုံးပါပြီ
computer-B သည် Computer A မှ Share ထားသော folder ကို အလိုရှိပါက computer B ၏ run box တွင် \\computer A ၏ IP အမှတ်ရိုက်ထည်ြ့ပီး enter ခေါက်ပါက share ထားသော folder များအား ရရှိမည်ဖြစ်ပါသည်။
Printer Share နည်း
Computer A သည် printer တစ်လုံးအား တိုက်ရိုက်ချိတ်ဆက်ထားမည် ဆိုပါက
(၁) ၎င်း computer A တွင် ချိတ်ဆက်ထားသော printer များ share ထား/မထား အရင်စစ်ပါ။ (စစ်နည်းမှာ - Start > Settings > Pinters and Faxes ကို click ပြီးရင် မိမိ ချိတ်ဆက်ထားသော Printer icon တွင် လက်ပုံလေးရှိ/မရှိစစ်ပါ )Share ထားလျှင် computer A အနေဖြင့် ဘာမှ ဆောင်ရွက်စရာမလိုပါ။
လက်ဝါးပေါ်တွင် Printer icon လေးရှိရင် အမှတ်စဉ်(၂)အား ဆောင်ရွက်ရန်မလိုပါ။
(၂) - Control panel မှ Network wizard setup ကို click
- welcome wizard ကျလာမည် Next ဖြင့်ဆက်သွားပါ။
- ထပ်မံ၍ Next ဖြင့်ဆက်သွားပါ။
- အလယ်တစ်ခုကို ရွေး၍ Next ဖြင့်သွားပါ။(သင့် Network အား မူတည်၍ ရွေးရပါသည် အများစုမှာ အလယ် Network ကိုအသုံးများပါသည်)
- သင့်၏ computer name ဖြည့်ပါ Next ဖြင့်သွားပါ။
- သင့်၏ Network Group ဖြည့်ပါ Next ဖြင့်သွားပါ။
- Turn on file and printer sharing ကို ရွေး၍ Next ဖြင့်သွားပါ။
- Network Setting ဆောင်ရွက်မှုများ ပြီးစီးရန်အတွက် Next ဖြင့်ဆက်သွားပါ။
- setup ဆောင်ရွက်ခြင်းအား ခဏစောင့်ပါ
- အောက်ဆုံးက Just finish ..... ကို ရွေး၍ Next ဖြင့်ဆက်သွားပါ။
ဒါဆိုရင် Network Setup လုပ်ခြင်းပြီဆုံးသွားပါပြီ
ထိုသို့ ဆောင်ရွက်ခြင်းသည် Computer A မှ Printer Share ပေးခြင်း ပြီးဆုံးပါသည်။
(၃) computer B သည် computer A နှင့်ချိတ်ထားသော printer မှ print ထုတ်လိုလျှင်
(က) Computer B ၏ run box တွင် \\computer A ၏ IP အမှတ် ရိုက်ထည်ြ့ပီး enter ခေါက်ပါ။
(ခ) Compter A မှ Share ထားသမျှ folder များကျလာမည် ၎င်းတို့ အတွင်းမှ printers and faxes ကို နှစ်ချက် click မိမိ print ထုတ်လိုသည့် printer တွင် right click ပြီးရင် connect တွင်ထပ်မံ click ပါက message box တစ်ခုကျလာမည့် yes ကို click ပါ။
ဒါဆိုရင် computer B ၏ start > settings > Pinters and Faxes အတွင်းတွင် computer A မှ printer အား အလိုလျှောက် ဆက်သွယ်ပြီးသာ ဖြစ်နေပါပြီ
မိမိ Print ထုတ်လိုသည့် printer များအား အထက်ပါနည်းဖြင့်ဆက်လက် connect လုပ်သွားခြင်းဖြင့် printer share ခြင်းအား ဤနေရာတွင် အဆုံးသတ်လိုက်ပါရစေခင်ဗျာ...

ကိုဇော်လွင်.ဒဂုံ
ပြောပြတဲ့နည်းလေးက တနည်းပေါ့...သူရှင်းပြတာလေး
ကောင်းမွန်ပါတယ်..
ဂျူနီယာကတော့ ...နောက်တနည်းဖြစ်တဲ့ ..လွယ်ကူတဲ့ shoutcut နည်းလေးပြောပြပေး ပါ့မယ်...ဘယ်လိုဘဲဖြစ်ဖြစ်..ပညာတစ်ခုကို သင်မယ်ဆိုရင်..ဘက်စုံထောင်စုံက သိထားသင့်ပါတယ်...အခက်အခဲဖြစ်လာတဲ့အခါတွေမှာ..တစ်နည်းနဲ့မရရင်နောက်တစ်နည်း သုံးလို့ရတာပေါ့.....
ခုပြောပြမယ့်နည်းကတော့ ...အထက်က ကိုဇော်ပြောတဲ့အတိုင်းဘဲ ..shareတွေပေးပြီးသွားတဲ့ (လက်ပုံလေးပေါ်နေပြီဖြစ်တဲ့) printer ကို တဖက်စက်က လှမ်းခေါ်ပြီး shared printer ကိုသိစေတဲ့ နည်း shoutcut လေးပါ..
ခုပြောပြတဲ့ နည်းအတိုင်းဘဲ..စက်တစ်လုံး shared floder တွေကို လှမ်းယူ..လှမ်းပို့နိုင်တယ်လေ....ကဲ စပါပြီ..
start> run (or) window +R ပေါ့
run box ပေါ်လာပြီဆိုရင်...အတွင်းမှာ printer shared ပေးထားတဲ့ စက်ရဲ့ IP ကို ရိုက်ထဲ့ပါ...ရိုက်ထည့်ရာမှာ..ဒီလိုရိုက်ရပါမယ်..
\\15.11.80.1\
Enter ခေါက်ပါ....ခဏလေးပေးစောင့်လိုက်...printer shared ပေးထားတဲ့ စက် တက်လာတာကိုတွေ့ရပါလိမ့်မယ်... အဲဒီအခါမှာ...printer ပုံလေး ကို မြင်ရမှာပါ ...အဲဒီ printer ရဲ့နံပါတ်ဟာ ..မိမိshared ပေးထားတဲ့ နံပါတ်သေချာအောင်နဲနဲ စစ်ပြီးတာနဲ့ double click လုပ်လိုက်တော့ ...အဲဒီမှာ...ဒီprinter လေးက မိမိစက်မှာ run တာကို ok ပြောပေးလိုက်...အားလုံးပြီးသွားပြီ...
မိမိစက်မှာ ctrl + P ခေါ်ပြီး 15.11.80.1 IP နံပါတ်ကို print ပေးလိုက်လို့ရပါပြီ.....
file shared ကို လဲ ..ဒီလိုဘဲ Run ထဲမှာ IP ရိုက်ပြီးခေါ်နိုင်ပါပြီ...
အင်းးးးး တစ်ခုပြောပေးအုံးမယ်...XP မှာ ..printer shared ပေးထားတဲ့ စက်က password ရှိတယ်ဆိုရင် ..စက်ကို ဖွင့်ပြီး ..log On screen တက်လာရင် တခြားဘယ်စက်ကမဆို printer ပေးလို့ရ တယ်နော်....password ဖွင့်စရာမလိုဘူးသိလား...
server 2003 OS မှာဆိုရင်တော့ ...offline print ပေးလို့ရသေးတယ်..ဗဟုသုတပြောပြတာပါ....
အဆင်ပြေပါစေ...

pphein ရေ
printer ကိုနတ်ဝက်ချိတ်ပြီးရင် Printer ကို နောက်တစ်လုံးကနေတင်ရတယ်ဗျာ.. အဲ့လိုတင်ပြီး
ဟိုဘက်စက်ကနေprinter
ကို
share ပေးမှာ ဒီဘက်စက်ကနေ print လှမ်းလုပ်လို့ရမှာဗျ
လုပ်ပုံလုပ်နည်းလေကတော့Printer&Fax ဆိုတဲ့ထည်းက ယာဘက်ဘေးမှာ Add Printer ဆိုပြီးရှိတယ်အဲ့ကနေ အရင်ဆုံး တပ်လာတဲ့ဟာကို Next လုပ်ပါပြီးရင် Net Work ဆိုတာကိုရွေးပါပြီးရင်Next နဲ့ပဲစက်သွားပါနောက် တစ်ဆင့်ရောက်ရင်ပေါ်လာတဲ့ Printer ထဲက အကို Printer ကို share ပေးထားတဲ့ printer ကို Select လုပ်လိုက်ပါနောက်ပြီးရင် Default ဆိုတာကို ရွေးလိုက်ရင် အကိုရဲ့ ဒီဘက်စက်ကနေ Print လှမ်းလုပ်လို့ရပါပြီဗျာ...
အဆင်ပြေနိုင်ပါစေဗျာ...

အရှင်းဆုံးနဲ့ အရိုးဆုံးပြောပြရရင် ကွန်ပျူတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်မယ်ဆိုတာနဲ
့ဒါဟာ
Network သဘောကို ရောက်တယ်လို့ ကျနော်ယူဆတယ်
Network အကြောင်းပြောကြမယ်ဆိုရင် network ကို ဂဃနဏ မသိသေးသူ(ကိုသိန်းသန်းထိုက်ဟု မရည်ရွယ်ပါ network အား မသိသေးများအတွက်ရည်ရွယ်ပါသည်) တွေအတွက်ကတော့ ပုံနဲ့ တကွပြောပြမယ်ဆိုရင် နားလည်သဘောပေါက်လွယ်မယ်လို့ ယူဆပြီး network တည်ဆောက်ပုံလေးတွေကို ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်ခင်ဗျာ
၁. ပထမပြောချင်တာက ကွန်ပျူတာနှစ်လုံးရှိတဲ့သူများ (Internet မသုံးဘဲ Local Network သုံးမည့်သူများ )တစ်လုံးနှင့်တစ်လုံးဆက်သွယ်ချင်တယ်ဆိုရင်
RJ 45 cable တစ်ချောင်းနှင့် ဆက်သွယ်ရပါ့မယ် (ကြိုးတစ်ဘက်ရှိခေါင်းကို A type ဖြစ်ပါက ကြိုး၏ အခြားတစ်ဘက်ရှိခေါင်းအား B type ဖြစ်ရပါမယ်)
(A type နှင့် B type အား နောက်ပိုင်းတွင် ဆက်လက်ပြောပြသွားပါမယ်)

|
This image has been resized. Click this bar
to view the full image. The original image is sized 850x293.
|
၂. ဒုတိယ ပြောချင်တာက ကွန်ပျူတာနှစ်လုံးနှင့်အထက်ရှိတဲ့သူများ (Internet မသုံးဘဲ Local Network သုံးမည့်သူများ )တစ်လုံးနှင့်တစ်လုံးဆက်သွယ်ချင်တယ်ဆိုရင်
RJ 45 cable များလိုအပ်ပါမည်
8 port switch (မိမိချိတ်ဆက်မည့် ကွန်ပျူတာပေါ်မူတည်ပါသည်)တစ်လုံးလိုမည်
|
This image has been resized. Click this
bar to view the full image. The original image is sized 831x547.
|
၃. တတိယ ပြောချင်တာက ကွန်ပျူတာများအား Local Area Network (LAN) ရော Wide Area Network(WAN) နှစ်ခုစလုံးသုံးစွဲသူများအနေဖြင့်
(က) Router တစ်လုံး
(ခ) switch တစ်လုံး
(ဂ) RJ45 cable များ လိုအပ်ပါမည်
|
This image has been resized. Click this
bar to view the full image. The original image is sized 934x710.
|
RJ 45 cable တွင် ကြိုး(၈)ကြိုးရှိပါတယ်(ဖြူမော်/မော်/ဖြူစိမ်း/ပြာ/ဖြူပြာ/စိမ်း/ဖြူညို/ညို)
လိမ္မော် / အစိမ်း / ပြာ / ညို စုစုပေါင်း အရောင် (၄)မျိုးကို သူြ့ကီးဘဲကို (၄)မျိုး အဖြူနဲ့ ဆက်ထားတြဲ့ကိုးက (၄)မျိုး အားလုံးပေါင်းလိုက်တော့ (၈)ကြိုးဖြစ်သွားတာပါ
ဒြီကိုး(၈)ကြိုးက RJ 45 connector ခေါင်းမှာ ကြိုးသွယ်နည်းကတော့ A type နဲ့ B type ရှိတယ်ဆိုပါဆိုဗျာ
ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံးကို RJ 45 နဲ့ ဆက်မယ်ဆိုရင် A to B နဲ့ ဆက်သွယ်ပါတယ်
ကွန်ပျူတာ တစ်လုံးနဲ့ switch ကို RJ 45 နဲ့ ဆက်မယ်ဆိုရင် A to A နဲ့ ဆက်သွယ်ပါတယ်
်Switch နဲ့ Router ကိုဆက်သွယ်မယ်ဆိုရင်လည်း A to A ဆိုရပါတယ်
RJ 45 ကြိုး(၈) ကြိုးကို အရောင်စြီိပီး ခေါင်းထဲထည့်တော့မယ်ဆိုရင် ကျနော်မှတ်ပုံလေးကိုပြောပါရစေ
A type နဲ့ ခေါင်းထဲတည့်မယ်ဆိုရင် ကြိုးအရောင်တွေကို (မော်/ မော် /စိမ်း /ပြာ /ပြာ/ စိမ်း /ညို /ညို )လို့ မှတ်ပါတယ် ပြီးရင် ထိပ်ဆုံးကမော်က အဖြူပါတဲ့ နှစ်ရောင်ကြားပါ အဲဒီကနေ တစ်ကြိုးခြားစီ နှစ်ရောင်ကြားရယ်လို့ ထည့်သွားရင် A type ကိုအရောင် စြီပီးသွားပါပြီးခင်ဗျာ
ဒီလိုဘဲ B type နဲ့ ခေါင်းထဲတည့်မယ်ဆိုရင် ကြိုးအရောင်တွေကို (စိမ်း /စိမ်း /မော် /ပြာ / ပြာ/မော် /ညို / ညို) လို့ မှတ်ပါတယ် ပြီးရင် ထိပ်ဆုံးက အစိမ်း က အဖြူပါတဲ့ နှစ်ရောင်ကြားပါ အဲဒီကနေ တစ်ကြိုးခြားစီ နှစ်ရောင်ကြားရယ်လို့ ထည့်သွားရင် B type ကိုအရောင် စြီပီးသွားပါပြီးခင်ဗျာ
ကွန်ပျူတာ ၂ နှစ်လုံးကို
wireless နဲ့ point to point ချိတ်မယ် ဆိုရင်ရော ဘာတွေ
လိုမလဲ ၊ ပြီးတော့ဗျာ
အကွာ အဝေး ဘယ်လောက်ထိ
ကွာဝေး နိုင်မလဲ။ မြို့တစ်မြို့
ဧရိယာ အတွင်းမှာ ဂြိုလ်တု
မသုံးပဲ နဲ့ wireless ချိတ်လို့ရလား၊ ဥပမာဗျာ ရဲတွေမှာ
စကားပြောစက်တွေ သုံးတယ်၊ စကားပြောစက်က
voice signal သွားစေသလို ၊ အခု ကျွန်တော်တို့က ကွန်ပျူတာသုံးပြီး
voice signal ရော TEXT signal တွေ ရောသွားစေမှာကိုး။ ဒီတော့
ထုတ်လွှင့်တဲ့ ဘက်မှာ ဘယ်လို
ကရိယာလိုသလဲ၊ လက်ခံမယ့် ဘက်မှာရော
ဘယ်လို
receiver လိုမလဲ ခင်ဗျ။
သိချင်လို့ပါ ခင်ဗျ။
Wireless အကြောင်းနဲ့ ပတ်သက်ပြီး ပြောကြမယ်ဆိုရင်
Wireless router တို့  Bluetooth တို့ အပြင် အခုဆိုရင်တော့ Wi Max ဆိုတဲ့ နည်းပညာတွေပါ ရှိလာပြီးဆိုတော့ အဆင်ပြေလာတာပေါ့ဗျာ
- Bluetooth ဟာ ၁၀မီတာ အတွင်း point to point ကို access လုပ်နိုင်တယ်
- Wireless router တွေကတော့ ၁၀၀ မီတာ ၊ ၂၀၀ မီတာ လောက်ကို point to point ကို access လုပ်နိုင်တယ်
- Wi Max(wireless MAN) တွေကြတော့ ၅၀ မိုင်လောက်ကို point to point ကို access လုပ်နိုင်တယ်လို့ တော့ အကြမ်းမြင် သိတာပါဘဲဗျာ
သူတို့ တွေရဲ့  transmited speed/ received speed/ transfer လုပ်နိုင်တဲ နှုန်းတွေကိုတော့ သေချာမသိဘူးဗျာ
ဒီ့ထက် အသေးစိတ်တွေကို တော့ ဒီဖိုဒမ်က wireless ကို သုံးနေကြတဲ့ မိတ်ဆွေတွေက ပြောပြကြပါလိမ့်မယ်ခင်ဗျာ
ဝင်ရောက်ဆွေးနွေးပေးကြပါဗျာ

No comments:
Post a Comment