Monday, June 17, 2013

Folder Background ပြောင်းနည်း

Software မသုံးပဲ folder background တွေကို ပုံလှလှလေးတွေနဲ့ အလှဆင်လို့ ရတဲ့နည်းလေးပြောပြချင်ပါတယ်။
ကျွန်တော်က ဆရာကြီးလဲ မဟုတ်၊ အရာကြီးလဲ မဟုတ်ပါဘူး ….ရှင်းရှင်း ပြောရမယ်ဆိုရင် ဘူးပေါ် ဖရုံဆင့်လိုက်တယ်လို့ ပဲဆိုပါတော့ ….

ကဲ စလိုက်ကြရအောင် ……..



1. မိမိကြိုက်နှစ်သက်ရာပုံကို 900×684 pixel အရွယ်အစားရအောင် ဖန်တီးယူပါ။ JPG Format နှင့်သိမ်းပါ။
2. Notepad Program ကိုဖွင့်ပါ။ [ Start - Program - Accessories - Notepad ကိုရွေးချယ်ဖွင့်ပါ။ ]
(or)Start+R ကိုနှိပ် notepad လို့ ရိုက်ပြီး Enter ခေါက်ရင်လည်းရပါတယ် …
3. Notepad တွင် အောက်တွင်ဖော်ပြထားသော (copy ကူးရန်)ဟူသော စာကြောင်းများကိုရိုက်ပါ။
ရိုက်ရမှာပျင်းနေရင် copy သာကူးလိုက်ပါ။
4. a.jpg နေရာတွင် သင်သိမ်းဆည်းထားသောပုံ၏ အမည်ကို အစားထိုးပြောင်းပေးပါ။

(copy ကူးရန်)
[{BE098140-A513-11D0-A3A4-00C04FD706EC}]
attributes=1
iconarea_image=a.jpg
iconarea_Text=0×00000011
iconarea_backcolor=0xaaddccff4.

5. စာရိုက်ပြီးပါက File Menu — Save ကိုရွေးပါ။ File အမည်ကို Desktop.ini ဖြင့်သိမ်းဆည်းပေးပါ။
6. ပုံ နှင့် Desktop.ini ဖိုင်နှစ်ဖိုင်ကို ကော်ပီကူပြီး မိမိကြိုက်နှစ်သက်ရာနေရာများသို့ ပို့ပေးလိုက်ပါ
ဥပမာC:\,D:\ သို့မဟုတ် E:\ USB Drives နေရာများတွင် ပေ့(စ်) လုပ်ပါ။
ပီးလျှင် ထို folder ကိုပိတ်လိုက်ပါ ပီးလျှင်ပြန်ဖွင့်ကြည့်လိုက်ပါ ပြောင်းသွားပါပီ။
မှတ်ချက် – အဆိုပါ ဖိုင်နှစ်ဖိုင်ကို မှာယွင်းမဖျက်မိစေရန် လိုအပ်ပါက Hidden လုပ်ထားပေးနိုင်ပါသည်။
ယခုဆိုလျှင် သင်၏ Files, Folder View ၏ Background ကို သင်စိတ်ကြိုက်ပုံများဖြင့်အလှဆင်နိုင်ပါပြီ။
Text color နဲ့ background color တွေကို စိတ်ကြိုက် ပြောင်းလို့ ရပါသေးတယ်။ သူငယ်ချင်းတို့ စမ်းကြည့် ချင်သပဆို စမ်းကြည့်လို့ ရပါတယ်နော် ။
အားလုံး အဆင်ပြေကြပါစေ။


သုခနန်းတော်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment