Monday, June 17, 2013

ဓါတ်ပုံတွေကို quality မကျစေပဲ file size လျှော့ချနည်း

Digital camera တွေနဲ့ ရိုက်တဲ့ ဓာတ်ပုံတော်တော်များများက ဆိုဒ်ကြီးတာ များပါတယ်။ 1 MB နီးပါးလောက်ကိုရှိပါတယ်။ size တွေကြီးနေတော့ ထိန်းရသိမ်းရတာ ခက်တာပေါ့။ဒိထက်ဆိုးတာ က ပုံတွေကို upload တွေဘာတွေလုပ်မယ်ဆို ရင် ကျွန်တော်တို့ မြန်မာနိုင်ငံ connection နဲ့ ဆို ဒုက္ခပင်လယ် ဝေပြီပေါ့ နော်…

ဒါကြောင့်
မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ ဒိလို အချိန်မှာ သူငယ်ချင်းတို့ အတွက် ဓါတ်ပုံ file size လျှော့ချတဲ့နည်းလေး မေတ္တာလက်ဆောင်လေးပါးလိုက် ပါရစေဗျာ ….

ပထမဆုံး ဆိုဒ်လျှော့ချချင်တဲ့ ပုံကို paint နဲ့ဖွင့်ပါ။ ဒါကို နားမည်သေးဘူးဆိုရင်တော့
pic(the picture which you want to reduce the size) -> right click ->Open with -> paint

ပီးရင် Image ထဲက Stretch and Skew ကို ရွှေး။ Stretch ရဲ့ Horizontal နဲ့ Vartical မှာ လျှော့ချ ချင်တဲ့ အရွယ်အစားလိုက် percentage % တွက်ပြီး နှစ်သက်သလို ချုံ့၊ ချဲ့ နိုင်ပါတယ်။ ဥပမာ ဓာတ်ပုံကို တစ်ဝက်လောက် သေးသွားစေချင်တယ်ဆိုရင် 50% လောက်စီထားပြီး ok နှိပ်လိုက်ရင် တစ်ဝက်လောက် သေးသွားမှာ ဖြစ်ပါတယ်။
အောက်မှာ ပါတဲ့ Skew ကတော့ ဓာတ်ပုံကို စောင်းချင်တဲ့ degree လိုက် တွက်ပြီး ပြောင်းလဲနိုင်ပါတယ်။

အားလုံးအဆင်ပြေပါစေလို့ …


 သုခနန်းတော်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment